ပရိသတ်တွေရဲ့ အချစ်တော် ပိုပိုကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို လှူဒါန်းမှုလေးတွေနဲ့အတူ မကြာခဏ ကုသိုလ်ယူနေသူလေးလည်း ဖြစ်ပါတယ်..။

တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ အဆိုတော်ပိုပိုကတော့ ဒီကနေ့ မေလ(၂၁)ရက်နေ့လေးမှာပဲ အေးချမ်းတဲ့ သာသနာ့ဘောင်ကို ဝင်ရောက်ခိုလှုံသွားပြီ ဖြစ်ပါတယ်နော်..။


စစ်ကိုင်းတောင်ရှိ ဇမ္ဗူထိန်ဝင်းခါတော်မီကျောင်းမှာ အခြားသီလရှင်ဆရာလေးတွေနဲ့အတူ (၉)ရက်တာ သာသနာ့ဘောင် ဝင်ရောက်သွားတာဖြစ်ပြီး ပိုပိုရဲ့ ဆရာလေး ဘွဲ့အမည်ကတော့ ဝိမလဉာဏ်ဏီ လို့ ဘွဲ့အမည်တွင်ပါတယ်..။

အေးချမ်းတဲ့ တရားဘောင်ကို ဝင်ရောက်ကုသိုလ်ယူနေတဲ့ အဆိုတော် ပိုပိုတစ်ဖြစ်လှည့် ဆရာလေး ဝိမလဉာဏ်ဏီ ရဲ့ ကြည်ညိုကြည်နူးစရာ ပုံရိပ်လေးတွေကတော့ မြင်သူတကာကို စိတ်အေးချမ်းမှုလေးတွေ ဖြစ်ပေါ်စေပါတယ်နော်..။

ကြည်နူးစရာ အလှူပုံရိပ်လေးတွေကိုလည်း နာမည်ကျော် ဒီဇိုင်နာမျိုးမင်းစိုးက ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ပြန်လည်မျှဝေထားတာဖြစ်ပြီး အေးချမ်းတဲ့ ဆရာလေးကို ကြည့်ပြီး ကြည်နူးပီတိလည်း အလွန်ဖြစ်မိတယ်လို့ ဆိုပါတယ်နော်..။

အခုတစ်ခါမှာတော့ ချစ်ရတဲ့ ပိုပိုရဲ့ ပရိသတ်တွေအတွက်လည်း သာသနာ့ဘောင် ဝင်ရောက်သွားခဲ့တဲ့ ဆရာလေးရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အားလုံးလည်း ကုသိုလ်ယူသာဓုခေါ်လိုက်ရအောင်နော်..။


Photo - မျိုးမင်းစိုး

Video - ခိုင်ခိုင်လေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။