ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ အကယ်ဒမီမင်းသမီး နန္ဒာလှိုင်ဟာဆိုရင် ယနေ့ချိန်ထိတိုင်အောင် ပရိသတ်တွေရဲ့ အချစ်များစွာကို ရရှိနေဆဲဖြစ်ပါတယ်။နန္ဒာလှိုင်က သူမရဲ့ မိသားစုကိုသာ အချိန်ပေးဂရုစိုက်နေတာကြောင့် အနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလေး လုပ်ဆောင်ကာ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။

နန္ဒာလှိုင်နဲ့သူမရဲ့ ချစ်ခင်ပွန်းက အလှူအတန်းဆိုရင် တက်ညီလက်ညီနဲ့ မကြာခဏလှူဒါန်းနေကြတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပါနော်။နန္ဒာလှိုင်က သူမကို အရမ်းချစ်ပြီး အစစအရာရာဂရုစိုက်ပေးတဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားလို့ သူမရဲ့ အိမ်ထောင်ရေးလေးက သာယာချမ်းမြေ့လှပါတယ်။သမီးသုံးယောက်ကလည်း အမေ အဖေနဲ့တူကြလို့ ၀၀ပြည့်ပြည့်လေးတွေနဲ့ ချစ်စရာလေးတွေဖြစ်ပါတယ်။

သမီးသုံးယောက်ကတော့ နန္ဒာလှိုင်အတွက် အဖော်ရပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးတွေဖြစ်ပါတယ်။အခုဆိုရင်လည်း ညီအစ်မသုံးယောက်က ဘုရားစာကို သံပြိုင်ရွတ်ကြပြီး ဘုရားရှိခိုးနေတဲ့ ပုံရိပ်လေးကို မေမေနန္ဒာလှိုင်က ကြည့်ပြီး ပီတိဖြာနေရပါတယ်။ညီအစ်မသုံးယောက်ကတော့ မေမေ့ရဲ့ သွန်သင်ဆုံးမမှုတွေအောက်မှာ လိမ္မာရေးခြားရှိပြီး စိတ်ထားနူးညံ့တဲ့ ကလေးလေးတွေဖြစ်ကြပါတယ်နော်။

Source:Zay Thiha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။