အဆိုတော် အောင်လနဲ့ အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းတို့စုံတွဲလေးကတော့ ဂီတလောကမှာ အတူတူလျှောက်လှမ်းအောင်မြင်နေတဲ့အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှု အတားအဆီးတွေကြားက လက်တွဲမဖြုတ်ဘဲ အချစ်တွေခိုင်မြဲခဲ့ကြတဲ့ သူတို့စုံတွဲလေးကိုတော့ ပရိသတ်တွေအားလုံးက အားပေးချစ်ခင်နေကြတာ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးက ရှိုးပွဲတွေကအစ အတူတူသွားရောက်သီဆိုလေ့ရှိကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အောင်လနဲ့ ဝိုင်းစုတို့ချစ်သူနှစ်ဦးက ရှမ်းပြည်နယ်၊ ကလောမြို့လေးကို အလည်အပတ် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ မွန်းကျပ်လှတဲ့ မြို့ပြတွေရဲ့အဝေးကို ရောက်ရှိနေတဲ့ သူတို့ချစ်သူနှစ်ဦးက အေးချမ်းသာယာတဲ့ တောတောင်သဘာဝအလှတွေကို တစ်ဝကြီးရှုစားရင်း အပန်းဖြေနေကြတာ ဖြစ်ပါတယ်။ အခုလည်း အောင်လက ချစ်သူလေး ဝိုင်းစုနဲ့အတူ စိမ့်စမ်းရေချိုးပြီး အနားယူနေတဲ့ ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။

အောင်လက " စိမ့်စမ်းရေ ချိုးခဲ့သည်။ " ဆိုပြီး ချစ်သူလေးနဲ့သာယာကြည်နူးနေတဲ့ ပုံလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ ပကာသနတွေ ကင်းစင်တဲ့ အောင်လနဲ့ ဝိုင်းစုတို့ချစ်သူနှစ်ဦးကတော့ အေးချမ်းတဲ့နေရာလေးမှာ နှစ်ယောက်အတူ လက်တွဲမဖြုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကလောမြို့လေးမှာ အပန်းဖြေနေတဲ့ အောင်လနဲ့ ဝိုင်းစုတို့စုံတွဲရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Reodineius Aung La;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။