တည်ကြည်လွန်းပြီး စမတ်ကျလွန်းတဲ့ဖက်ရှင်တွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်နေရသူလေးကတော့ မင်းသားချောလေးဒေါင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့လက်ခံအားပေးမှုများစွာကိုရရှိထားတာပါ။ သူဟာ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှတစ်ဆင့် အနုပညာလောကထဲကိုဝင်ရောက်လာတာပဲ ဖြစ်ပြီး MRTV-4 ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ ပုဂံမြို့သူ ” ဇာတ်လမ်းတွဲလေးဟာ သူ့ကိုပရိသတ်တွေပိုသိသွားစေတာပါ။  

နှုတ်ခမ်းနီမလေးတွေအဓိကကြွေစေတဲ့အကြောင်းရင်းကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့စမတ်ကျကျဝတ်တတ်တဲ့ ဒေါင်းရဲ့ဖက်ရှင်လေးကိုပါ။ တည်ငြိမ်ရင့်ကျက်တဲ့ အပြုံးလေးတွေဟာလည်း သူ့ရဲ့ဆွဲဆောင်မှုတွေထဲကတစ်ခုပါ။ ဟန်ဆောင်မှုကင်းပြီး ရိုးသားလွန်းတဲ့ ဒေါင်းရဲ့ပုံစံလေးတွေကြောင့်လည်း အနုပညာလောကမှာ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ဝေမျှပေးလေ့ရှိတဲ့ဒေါင်းကတော့ အခုတစ်ခေါက်မှာလည်း ဂီတာတီးပြီး သီချင်းဆိုနေတဲ့ဗီဒီယိုဖိုင်လေးကို သူ့ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပြန်ပါပြီ။ သရုပ်ဆောင်ဘက်တွင်သာမကပဲ အဆိုပိုင်းပါပိုင်နိုင်လွန်းတဲ့ဒေါင်းကိုတော့ ပရိသတ်တွေကမချီးကျူးပဲမနေနိုင်အောင်ပါပဲ။ ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး ဒေါင်းရဲ့ရှေ့ဆက်လုပ်ဆောင်သွားမယ့်အနုပညာအလုပ်တွေကို အားပေးကြပါဦးနော်။

Source- Daung Actor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။