ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်တွေနဲ့ အောင်မြင်မှုတွေအပြင် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိထားသူကတော့ ချစ်စန်းမောင်ရဲ့ သမီး အဆိုတော် ငဲငယ်လေးပဲ ဖြစ်ပါတယ်နော်..။

အဆိုတော်ငဲငယ်လေးကတော့ သူရဲ့ တေးသီချင်းကောင်းလေးတွေဟာ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး အမိုက်စားဂီတာတီးခတ်မှုမှာလည်း ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်လွန်းသူမို့ ဖခင်ရဲ့ အမွေကို ရရှိထားတယ်လို့ ဆိုရမှာပါပဲနော်..။


အခုတစ်ခါမှာလည်း ငဲငယ်လေးက ငါ့ရည်စားက ပိုမိုက်တယ်ဆိုတဲ့ သီချင်းလေးကို တစ်ကိုယ်တော် ဂီတာSolo တီးခတ်ထားတဲ့ အမိုက်စား ဗီဒီယိုဖိုင်လေးနဲ့လည်း ပရိသတ်တွေကို တင်ဆက်ပေးလိုက်ပြန်ပါတယ်နော်..။

ကျွမ်းကျင်လွန်းပြီး လုံးဝအမိုက်စား တီးခတ်ထားတာမို့ ငဲငယ်လေးရဲ့ ဂီတာSolo တီးခတ်မှု ဗီဒီယိုဖိုင်လေးကိုတော့ မူရင်းအဆိုတော်တွေဖြစ်တဲ့ စိုင်းစိုင်ခမ်းလှိုင်နဲ့ ဘန်နီဖြိုးတို့တောင် ချီးကျူးထားကြတာ တွေ့ရပါတယ်..။


ငဲငယ်လေးရဲ့ ဂီတာ Solo တီးခတ်မှု ဗီဒီယိုဖိုင်လေးကို သူတို့ရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ပြန် Share ထားပြီး ချီးကျူးဂုဏ်ပြုထားတာပဲ ဖြစ်ပါတယ်နော်..။

ချစ်ရတဲ့ Myanmarload မှ ချစ်ပရိသတ်တွေလည်း ငဲငယ်လေးရဲ့ အမိုက်စား ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အားပေးကြည့်ရှု့ကြရအောင်နော်..။

Photo - ငဲငယ်လေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။