ပရိသတ်ကြီးရေ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေကြတဲ့ ပြေတီဦးနဲ့အူဝဲတို့ကတော့ လက်ရှိမှာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။အူဝဲဆိုလည်း ယနေ့အချိန်ထိ အသက်၄၀ကျော်အရွယ် ကလေးနှစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင် နုငယ်ပျိုမျစ်ခြင်းတွေက အံ့သြစရာပါပဲနော်။ဇနီးမောင်နှံနှစ်ယောက်လုံးက စိတ်သဘောထားဖြူစင်ပြီး ဖော်ရွေကြတဲ့သူတွေပါ။

အိန္ဒြာကျော်ဇင်ကတော့ လက်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေသလို သူမရဲ့ စီးပွားရေးလေးဖြစ်တဲ့ "The Bridge"ကိုလည်း တိုးတက်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ကတော့ အိမ်ရှင်မကောင်းတစ်ယောက်လည်းဖြစ်သလို ထက်မြက်တဲ့Business Womenတစ်ယောက်လည်းဖြစ်လို့ မိန်းကလေးတွေအားကျအတုယူသင့်တဲ့ စံပြမင်းသမီးတစ်လက်ပါနော်။

အခုဆိုရင်တော့ အိန္ဒြာကျော်ဇင်က မန္တလေး “The Bridge “ဈေးရောင်းပွဲ၂ရက်စလုံးမှာ ဝက်ဝက်ကွဲအားပေးကြတဲ့ မန္တလေးကချစ်သောမိတ်ဆွေများအားလုံးနဲ့ ကူညီအားဖြည့်ပေးကြတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်စကားဆိုထားပါတယ်နော်။အိန္ဒြာကျော်ဇင်ကတော့"ဘဝက ဈေးသည်ဖြစ်လိုက်,သရုပ်ဆောင်ဖြစ်လိုက်,အမေဖြစ်လိုက် နဲ့ပါပဲ"ဆိုပြီး ပျော်ရွှင်စရာပုံရိပ်လေးတွေနဲ့အတူ မျှဝေလာတာကို တွေ့ရပါတယ်နော်။

Source:Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။