ပြည်သူ့အချစ်တော် အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေးဖြစ်တဲ့ မေတိုးခိုင်ကို အထူးတလည် မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ သူမဟာဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်လာပြီး ချစ်စဖွယ် အမူအရာလေးနဲ့ ပုရိသတို့ရဲ့ အသည်းနှလုံးကို လှုပ်ကိုင်ထားတာဖြစ်ပါတယ်...။ ကြော်ငြာ၊ မဂ္ဂဇင်းတွေနဲ့ photo shooting တွေကို အများဆုံးရိုက်ကူးလေ့ရှိပြီး ပွဲလမ်းသဘင်၊ အခမ်းအနားပွဲတွေနှင့် ဖျော်ဖြေရေး ပွဲတွေမှာလည်း သူမရဲ့ အလှအပတွေကိုရှုစားကြရမှာပါ...။

"လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားဒေါင်းဟာဆိုရင်လည်း အချိန်တိုအတွင်းမှာ အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်...။ "ပုဂံမြို့သူ" ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရင်ထဲ စွဲကျန်ရစ်အောင် သရုပ်ဆောင်နိုင်နင်းခဲ့တဲ့ မင်းသားဟာ ဒေါင်းပဲဖြစ်ပါတယ်...။ social media ပေါ်မှာ ဒေါင်းရဲ့ ပုံရိပ်လေးတွေကို တွေ့မြင်ကြရမှာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွဲရဲ့ သဲသဲလှုပ်အားပေးမှုဟာလည်း များပြားလှတာဖြစ်ပါတယ်...။

မေတိုးခိုင်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှဆိုရင်လည်း ဒေါင်းနဲ့အတူ ရိုက်ကွင်းပေါ်က အမှတ်တရ ပုံရိပ်လေးကို သူမရဲ့ official facebook acc တွင် "Do you believe in love at first sight?" ဆိုတဲ့ မြင်မြင်ချင်းအချစ်ကို ယုံလားဆိုပြီး မေးမြန်းထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်း သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကို ကြည့်ရှုခံစားရင်း ဖြေပေးသွားကြပါဦးနော်...။

Source May T. Khine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။