ဒီနှစ်ပရီးမီးယားလိဒ်ပြိုင်ပွဲမှာရလဒ်တွေဆိုးရွားနေခဲ့တဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာခုရာသီကုန်ပြီးမကြာခင်မှာတင်စတင်ပြီးပြုပြင်ပြောင်းလဲမှုတွေလုပ်နေပြီဖြစ်ပါတယ်။အသင်းရဲ့ကစားသမားတော်တော်များများကဒီနှစ်ဘောလုံးရာသီမှာအသင်းကထွက်ခွာတော့မှာဖြစ်တာကြောင့်အသင်းကိုလူငယ်ကစားသမားတွေနဲ့အစားထိုးပြီးအင်အားတောင့်တင်းအောင်လုပ်ဖို့ပြင်ဆင်နေတာပါ။

ခုမှာလည်းအသင်းရဲ့ပထမဆုံးပြင်ဆင်မှုအနေနဲ့ဆိုးလ်ရှားကတော့Swansea တောင်ပံကစားသမား Daniel James ကိုခေါ်ယူဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။အဆိုပါကစားသမားအတွက်ပြောင်းရွေ့ကြေးကိုတော့ပေါင်၁၅သန့်ခန့်ရှိနေတာဖြစ်ပါတယ်။Daniel James အနေနဲ့တော့ဒီနှစ်ရာသီမှာမန်ယူအသင်းခေါ်ယူတဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါပြီ။

ဒီကစားသမားလေးဟာအသက်ငယ်ငယ်လေးနဲ့Swansea အသင်းမှာအကောင်းဆုံးခြေစွမ်းတွေပြနိုင်တာပဲဖြစ်ပါတယ်။အသင်းပရိသတ်တွေရဲ့အချစ်တော်ဖြစ်ပြီးအရေးပါတဲ့သွင်းဂိုးတွေသွင်းယူပေးတာကြောင့်ဒုတိယမက်ဆီလို့တောင်ပရိသတ်တွေရဲ့ချီးကျူးခြင်းကိုခံနေရတာဖြစ်ပါတယ်။မန်ယူပရိသတ်တွေလည်းအသင်းကိုရောက်လာမယ့်Daniel James ရဲ့ခြေစွမ်း Video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။