ပရိသတ်ကြီးရေ.. မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချောလေး ပိုးမမှီသာကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် တတ်သစ်စ အနုပညာရှင်မျိုးဆက်သစ် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ သူမကတော့ အေးချမ်းတဲ့အလှတရားတွေအပြင် စူးရှပြီး ညို့အားပြင်းတဲ့ အလှတရားတွေကို ပေါင်းစပ်ပိုင်နိုင်ထားသူဖြစ်တာမို့ မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီသလို ခေတ်ဆန်ဆန်အမိုက်စားဖက်ရှင်တွေနဲ့လည်း သူမတူအောင် လှသွေးကြွယ်သူလေးပါပဲ..။


ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားတတ်တဲ့ အသည်းကျော်လေး ပိုးမမှီသာဟာ အခုတစ်ခါမှာတော့ အမိုက်စား ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ ပရိသတ်တွေကို စမတ်ကျကျလေး အချစ်ပိုစေပြန်ပါတယ်နော်..။

ခပ်မိမိ အလန်းစားပုံရိပ်လေးတွေနဲ့ မမှတ်မိနိုင်လောက်အောင် အမိုက်စားပြောင်းလဲမှုလေးတွေနဲ့ လှသွေးကြွယ်လွန်းတဲ့ ပိုးမမှီသာရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကိုတော့ အမိုက်စား ဓာတ်ပုံဆရာလေး အောင်ရဲလင်း (SHANE PHOTOGRAPHY) က Life Style Magazine Cover အတွက် ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်..။


အမိုက်စားပုံစံတစ်မျိုးလေးပြောင်းပြီး မြင်တွေ့ရတဲ့ ပိုးမမှီသာရဲ့လှသွေးကြွယ်နေတဲ့ ခပ်မိမိပုံရိပ်လေးတွေကတော့တကယ်ကို စမတ်ကျနေတာမို့ ချစ်ပရိသတ်တွေသဘောကျအချစ်ပိုနေကြမှာ အသေအချာပါပဲနော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး ပိုးမမှီသာကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိသူလေးဆိုလည်း မမှားပါဘူး..။

Photo - Aung Ye Linn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။