သိပ်မကြာသေးခင်က နေမကောင်း၍ဆေးရုံတက်လိုက်ရတဲ့ သန္တာဗိုလ်ဟာ ပြန်လည်ကျန်းမာပြီး ဆေးရုံကဆင်းလာပြီဖြစ်ပါတယ်...။ နေမကောင်းတဲ့ အရှိန်ကြောင့် မျက်နှာလေးတွေ ချောင်သွားပေမယ့် ဖြူစင်တဲ့ စိတ်ထားလေးကြောင့် ဝင်းပတဲ့ မျက်နှာလေးကိုတော့ ရှုစားကြရမှာပါ...။ ချစ်သူကောင်းပြည့်က ဘေးနားက အမြဲဂရုစိုက်ပေးနေပြီး ပါရမီဖြည့်ပေးနေလို့ အချိန်တိုအတွင်းမှာပဲ သက်သာပျောက်ကင်းသွားတာလည်းဖြစ်ပါတယ်..။ တစ်ဦးအပေါ် တစ်ဦး ဂရုစိုက်ကြင်နာတတ်တဲ့ သန္တာဗိုလ်နှင့် ကောင်းပြည့်တို့စုံတွဲလေးကို မြင်သူတိုင်းအားကျမိမှာ ဧကန်မလွဲပင်ဖြစ်ပါတယ်...။

နကောင်းလာပြီဖြစ်တာမလို့ သန္တာဗိုလ်က ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ပြန်လည်ကြိုးစားလုပ်ကိုင်လာတာကို မြင်တွေ့ကြရမှာပါ...။ ပရိသတ်များကိုလည်း အရင်လို ပြည့်ပြည့်ဖြိုးဖြိုးလေးတွေ့ရအောင် အစားတွေ အများကြီး ပြန်စားဦးမှာလို့ ချစ်စဖွယ် ပုံစံလေးနဲ့ ဆိုထားပါတယ်...။ အမိုက်စား ကပြထားတဲ့ Tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း မကြာခင်အချိန်တွင်းမှာ ပရိသတ်တို့အနေနဲ့ ပြန်လည်ရှုစားကြရတော့မှာပါ...။ အနက်ရောင် ကြိုက်နှစ်သက်တဲ့ သန္တာဗိုလ်က shopping ထွက်၊ အပန်းဖြေခရီးသွားတဲ့ အခါတွေမှာ အမြဲဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လာပြီဖြစ်တာမလို့ facebook စာမျက်နှာကြီးပေါ်မှာလည်း သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု၊ နေ့စဉ်လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း ဖက်ရှင်ဆန်းသစ်တဲ့ အနက်ရောင်ဒီဇိုင်းအလန်းလေးကို ဝတ်ဆင်ပြီး ချစ်သူကောင်းပြည့်နဲ့ date နေတာပဲဖြစ်ပါတယ်..။ သန္တာဗိုလ်ရဲ့ အကြည့်တွေက ကောင်းပြည့်ပေါ်မှာ ဘယ်လောက်ပင်ချစ်မြတ်နိုးကြောင်း ဖော်ပြနေပါတယ်...။ Myanmarload ပရိသတ်ကြီးလည်း ကျန်းမာချမ်းသာစွာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နိုင်ရန် သန္တာဗိုလ်တို့စုံတွဲလေးကို ဆုတောင်းစကားပြောပေးသွားပါဦးနော်..။

Source Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။