ပရိသတ်ကြီးရေ.. မိုးစက်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အလှမယ် မင်းသမီးချောလေး မိုးစက်ဝိုင်ကတော့ အနုပညာလောမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားသလို ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကြားအမြဲရေပန်းစားနေသူလေးပါ..။

ပရိသတ်တွေရဲ့ အချစ်တော်လေး မိုးစက်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ညို့အားပြင်းတဲ့ အလှတရားတွေအပြင် ဆွဲဆောင်မှုရှိပြီး စမတ်ကျလွန်းတဲ့ အရပ်အမောင်းတွေကလည်း သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေထဲက တစ်ခုပါပဲ..။


အသည်းကျော်လေး မိုးစက်ဟာ မေလ(၂၀)ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးမှာ ခမ်းနားလွန်းပြီး ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ခဲ့တာ ပရိသတ်ကြီးများအားလုံး အသိပါပဲနော်..။

ကြီးကျယ်ခမ်းနားပြီး သပ်ရပ်လွန်းတဲ့ မွေးနေ့ပွဲလေးမှာလည်း မွေးနေ့ရှင်လေး မိုးစက်ကတော့ မြင်သူတကာငေးလောက်အောင် နတ်မိမယ်လေးတမျှ လှသွေးကြွယ်ပြီး ကျော့ကျော့ရှင်းရှင်းလေးနဲ့ ပရိသတ်တွေအားလုံးရဲ့ အမြင်အာရုံတွေကို ဖမ်းစားထားပါတယ်နော်..။


ဒီကနေ့လေးမှာတော့ မိုးစက်က သူမရဲ့မွေးနေ့ပွဲအပြင်အဆင်လေးတွေနဲ့ မွေးနေ့ပွဲပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးထားပြီး ပွဲအတွက် ကူညီပေးကြသူတွေကိုလည်း ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်..။

မွေးနေ့အလှူလေးအဖြစ်လည်း မိဘမဲ့ ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးကျောင်းတွေမှာ indoor ကလေးကစားကွင်း လေးတွေလှူသွားပါမယ်ဆိုပြီးတော့လည်း အလှူလေးပြုလုပ်မယ့်အကြောင်းလေးကိုလည်း အသိပေး ပြောပြထားပါသေးတယ်..။

Photo - မိုးစက်ဝိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။