ပျိုပျိုမေတို့ အသည်းစွဲ ဖြစ်တဲ့ ထူးအောင်ဟာ လက်ရှိမှာတော့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မော်ဒယ်လ် ၊ မင်းသား တစ်ဦး လို့ ဆိုရမှာဖြစ်ပါတယ်။ GYM ပုံမှန်ဆော့ပြီး ကျန်းမာရေးလိုက်စားလို့ ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ထူးအောင်ဟာ လက်ရှိမှာတော့ သရုပ်ဆောင် တစ်ဦး အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်သလို '' စစ်ကို မုန်းလို့ တိုက်ခဲ့သည် '' ရုပ်ရှင်ဇာတ်လမ်းထဲမှာ ပထမဆုံးအနေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုမုန်း၍ တိုက်ခဲ့သည် " ဇာတ်လမ်းမှာ တပ်ကြပ် ကျော်ဇ အဖြစ်နဲ့ပါဝင်ခဲ့ပြီး အလန်းစား သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ဇာတ်လမ်းတွဲတွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော် သရုပ်ဆောင်ထားမလည်းဆိုတာတော့ သူရဲ့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားချင်စရာပဲဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ထူးအောင်ကတော့ အမြဲလို ဖက်ရှင်အမိုက်စားတွေနဲ့ စမတ်ကျ ခန့်ညားနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ ကောင်မလေးတွေကြွေသွားရလောက်အောင် လန်းလွန်းတဲ့ အမိုက်စားပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ထူးအောင်ရဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ လန်းလွန်းတဲ့ Six Pack ပိုင်ရှင် ထူးအောင်ရဲ့ အကြွေစင်ပုံရိပ်တွေ ကို ပရိတ်သတ်ကြီးလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

Source:Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။