သရုပ်ဆောင်စည်သူမောင်တစ်ယောက် မိခင်ကြီးရဲ့ မွေးနေ့လေးကို အမှတ်တရဖြစ် အောင် ဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စည်သူမောင်ရဲ့ မိခင်က သာသနာ့ဘောင်ဝင်ရောက်နေတာဖြစ်ပြီး အေးချမ်းတဲ့အရိပ်အာဝါသအောက်မှာ သားဖြစ် သူရဲ့ဆုတောင်းကြောင့် ပိုပြီးတော့ ချမ်းြမေ့သွားလောက်ပါရဲ့။ ကင်ဆာဝေဒနာခံစားနေရပေ မယ့် ဘဝကြီးကို အကောင်းဆုံးနဲ့ အကြံ့ခိုင်ဆုံးဖြတ်သန်းနေပြီး တရားဓမ္မနဲ့ ပျော်မွေးနေပုံ က တကယ့်ကိုအတုယူချင်စရာပါပဲ။

စည်သူမောင်တစ်ယောက် မိခင်ကို ပြည့်စုံလွန်းတဲ့ မွေးနေ့ဆုတောင်းလေးနဲ့ ပိုချစ်အောင် လုပ်လိုက်ပြန်ပါပြီနော်။ သာသနာ့ဘောင်ဝင်နေတဲ့ မိခင်ဖြစ်သူအတွက် " " HAPPY BIRTHDAY ပါ ချစ်သော မေမေ ခင်ဗျား..." ဒီနေ့ May လ 22 ရက်နေ့ အမေ့မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အမေချစ်တဲ့ ခင်ပွန်း သားတွေ သမီးဖူးငုံ မြေးအသဲ ဗန်ဗန် တို့နဲ့အတူ ကျန်းမာ အသက်ရှည်ပြီး ချစ်ချစ်ခင်ခင် ပျော်ပျော် ရွှင်ရွှင်နဲ့ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ လိုရာဆန္ဒအားလုံး ပြည့်ဝ နိုင်ပါစေ " I Love U , We Love U Mom.. " မွေးနေ့မှာမယ်သီလရှင် ဝတ်နေလို့ စိတ်ကူးနဲ့ပဲ ကန်တော့လိုက်ပါတယ်နော် ချစ်မေမေ " ဆိုပြီး ဆုတောင်းစာလေးရေသားထားတာပဲဖြစ် ပါတယ်။

သားလိမ္မာလေးရဲ့မွေးနေ့ဆုတောင်းကြောင့် သာသနာ့ဘောင်မှာအေးချမ်းနေတဲ့ မိခင်ကြီးဟာ ပီတိအပြုံးတွေပိုဝေဆာသွားမယ်ဆိုတာ အသေအချာပါပဲ။ Happy Birthday ပါ အန်တီရေ။ အသက်ရှည်ရှည်နဲ့ ချစ်ရတဲ့ သားသမီးတွေ မြေးတွေ မြစ်တွေရတဲ့အထိ ကျန်းကျန်းမာမာနဲ့ နေထိုင်သွားနိုင်ပြီး ရောဂါဘယများလည်း ကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Photo - Sithu Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။