မောင်လေးတွေရဲ့ မတ်မတ်အဖြစ် နှလုံးသားအစုံကို ဆွဲဆောင်သိမ်းယူထားနိုင်တဲ့ နွယ်ဒါလီထွန်းကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ သူမဟာဆိုရင် ချစ်ဖို့ကောင်းတာဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားလေးဟာဆိုရင်လည်း အပြစ်ပြောစရာမရှိအောင် ပြေပြစ်ညီညာလှပတာပဲဖြစ်ပါတယ်..။ လူငယ်ပီပီ အတိုအပြတ်လေးတွေနဲ့ ဒီဇိုင်းဆန်းသစ်လှပအောင်ဝတ်ဆင်လေ့ရှိပြီး မြန်မာ့ရိုးရာ ဝတ်စုံလေးတွေနဲ့လည်း နန်းဆန်စွာ ရိုးယဉ်လှပနေသူတစ်ယောက်ဖြစ်ပါတယ်...။ သဘောထားကောင်းပြီး စိတ်ထားဖြူစင်တဲ့အတွက်ကြောင့် သူမရဲ့ မျက်နှာလေးက အမြဲ ကြည်လင်လန်းဆန်းနေတာကို တွေ့မြင်ရမှာပါ...။

နွယ်ဒါလီထွန်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting နဲ့ ကြော်ငြာ မဂ္ဂဇင်းတွေရိုက်ကူးလေ့ရှိပြီး၊ ပွဲလမ်းသဘင်၊ အခမ်းအနားပွဲတွေကိုလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်..။ red carpet show ပွဲတွေကိုလည်း ဖိတ်ကြားခြင်းခံရတဲ့ မြန်မာနိုင်ငံရှိ ထိပ်တန်း မော်ဒယ်လ်၊ သရုပ်ဆောင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်...။ Team 143 ရဲ့ "မတ်မတ်" ဆိုတဲ့ သီချင်းဗီဒီယိုမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နွယ်ဒါလီထွန်းဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ မြင်သူတိုင်းစွဲမက်ဖွယ် အလှပုံရိပ်လေးတွေကို "စက္ကန့်တိုင်းသတိရပေးပါ" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nwe Darli Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။