ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ အဆိုတော်ဖြိုးမြတ်အောင်နဲ့ မင်းသမီးချောလေး ခြူးလေးတို့ကလည်း အပါအဝင်ပါပဲ..။

မတူညီတဲ့အနုပညာလမ်းကြောင်းပေါ်ကနေ ပရိသတ်တွေကိုယ်စီနဲ့အောင်မြင်မှုတွေ အခိုင်အမာရရှိထားကြတဲ့ သူတို့အနုပညာရှင်မောင်နှမနှစ်ဦးကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေကြတာ တွေ့ရပါတယ်..။


လတ်တလောမှာ ကြော်ငြာတွေ အတူရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေေးတွနဲ့ ရိုက်ကွင်းပေါ်က အခွီဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

ကြော်ငြာဓာတ်ပုံလေးတွေ ရိုက်ကူးနေကြတာဖြစ်ပြီး မင်းသမီးဖြစ်တဲ့ ခြူးလေးကို ခါးဖက်ဖို့ ရှက်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ ချစ်စရာကောင်းတဲ့ အခွီဗီဒီယိုလေးကတော့ ပရိသတ်တွေကို သဘောကျအချစ်ပိုစေမှာပါနော်..။


ရိုးသားပြီး ရှက်တတ်လွန်းတဲ့ ဖြိုးမြတ်အောင်တစ်ယောက် ကြော်ငြာရိုက်ကွင်းပေါ်မှာ ဘယ်လိုတွေ ရှက်နေလဲဆိုတာတော့ ဗီဒီယိုလေးနဲ့အတူ ပရိသတ်တွေကြည့်ရှု့အားပေးဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

ဖြိုးမြတ်အောင်ကတော့ Myanmar Idol အစီအစဉ်ကနေ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိားပြီး အခုဆိုရင် ကြော်ငြာတွေ ရိုက်ကူးနေသလို အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်နော်..။

Photo - ခြူးလေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။