ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ အချစ်တွေကို အနုပညာလောက အခိုင်အမာရရှိထားတဲ့ ပြည်သူ့အသည်းကျော် မင်းသားချောလေး အလင်းရောင်နဲ့ မင်းသမီးချောလေး ရွှေသမီးတို့ကတော့ ပရိသတ်တွေကို အချစ်ပိုအောင် လုပ်လိုက်ပြန်ပါတယ်နော်..။

မင်းသားချောလေးအလင်းရောင်ကတော့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ပုံရိပ်တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေကို ရရှိထားပြီး အေးချမ်းတဲ့အလှတရားတွေအပြင် ဟန်ဆောင်မှုကင်းကာ ချစ်စရာကောင်းလွန်းတဲ့ ဖြူစင်တဲ့အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူကတော့ မင်းသမီးချောလေးရွှေသမီးပါပဲ..။


အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့ အချစ်တော်လေး နှစ်ယောက်ကတော့ ရိုက်ကွင်းပေါ်မှာ ရိုက်ကူးထားတဲ့ ချစ်စရာအခွီဗီဒီယိုလေး တင်ပြီး ပရိသတ်တွေကို ပြုံးရယ်ပျော်ရွှင်အောင် လုပ်လိုက်တာပါ..။

အလင်းရောင်ရဲ့ စနောက်ဆေးထိုးခံလိုက်ရတဲ့ ရွှေသမီးရဲ့ အခွီဗီဒီယိုဖိုင်လေးကတော့ ချစ်စရာကောင်းလွန်းနေတာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာ အမှန်ပါပဲနော်..။


အနုပညာလမ်းကြောင်းမှာ ပရိသတ်တွေကိုယ်စီအခိုင်အမာရရှိထားကြတဲ့ သူတို့အနုပညာရှင် မောင်နှမနှစ်ဦးကတော့ ရိုက်ကူးရေးလုပ်ရင်း နားချိန်လေးတွေမှာ တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးစေနာက်နေကြတာပဲ ဖြစ်ပါတယ်..။

အလင်းရောင်ရဲ့ ဆေးအကြီးကြီးထိုးတာခံလိုက်ရတဲ့ ရွှေသမီးနဲ့ အလင်းရောင်တို့ရဲ့ ချစ်စရာအခွီဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတါ့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အလင်းရောင်၊ ရွှေသမီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။