ပရိသတ်ကြီးရေ.. အမိုက်စားအသံပါဝါကောင်းကောင်းလေးနဲ့ သီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကိုနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသူကတော့ အဆိုတော်ချမ်းချမ်းပဲ ဖြစ်ပါတယ်..။

အဆိုတော်ချမ်းချမ်းကတော့ပြီးခဲ့တဲ့ ရက်ပိုင်း LA လေဆိပ်မှာ တောင်ကိုရီးယာားနိုင်ငံရဲ့ ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ချီးကျူးမှုတွေကို ရရှိခဲ့လို့ စိတ်ပျော်ရွှင်နေတာ တွေ့ရပါတယ်..။


တောင်ကိုရီးယားနိုင်ငံအပြင် အာရှနိုင်ငံတွေကပါ အားပေးချစ်ခင်ရတဲ့ နာမည်ကျော် အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရိန်းနဲ့ ကင်မ်ထယ်ဟီးတို့ ဇနီးမောင်နှံစုံတွဲလေးနဲ့ LA လေဆိပ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး သူမကို လှတယ်လို့ ချီးကျူးခံလိုက်ရတာကြောင့် ချမ်းချမ်းတစ်ယောက် စိတ်အားငယ်မှုတွေ ပျောက်ခဲ့ရတယ်လို့ ဆိုပါတယ်..။

လေဆိပ်မှာ Immigration ဖြတ်တဲ့အချိန် ရိန်းနဲ့ ကင်မ်ထယ်ဟီးက “ဒီမိန်းကလေးလှလိုက်တာ ဘယ်နိုင်ငံကလည်း မသိဘူး..” ဆိုတဲ့ ချီးကျူးမှု မှတ်ချက်လေးကို ရရှိလိုက်ရတဲ့အတွက် သူမကိုယ်သူမ စိတ်တိုင်းမကျ အမြဲစိတ်ဓာတ်ကျသိမ်ငယ်ခဲ့တာတွေဟာ အခုဆိုရင် မသိမ်ငယ်တော့ဘူးဆိုပြီး ပြောပြထားတာပါ..။


လွန်ခဲ့တဲ့ (၇)နှစ်လောက်က MTV exit ပွဲမှာ jason mraz နဲ့ ဆုံတွေ့ခဲ့ချိန်ကလည်း “မိန်းကလေးမင်းနဲ့ ဓာတ်ပုံရိုက်ချင်လို့..ရမလားတဲ့...မင်းသိပ်လှတယ်..” ဆိုပြီးတော့လည်း ချီးကျူးခံရတဲ့ အကြောင်းလေးနဲ့ ရိန်းတို့ဇနီးမောင်နှံတို့နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းလေးတွေကို ချမ်းချမ်းက ပရိသတ်တွေကို အခုလို ပြောပြထားတာပဲ ဖြစ်ပါတယ်..။

“မနေ့က LA လေဆိပ်မှာ ကိုရီးယား မင်းသမီးတွေ အဆိုတော်တွေ နဲ့ တူတူ Immigration ဖြတ်တော့ ကိုယ့်ကို rain နဲ့ သူ့မိန်းမ ကင်မ်ထယ်ဟီးက ဒီမိန်းကလေးလှလိုက်တာ...ဘယ်နိုင်ငံရလဲမသိဘူးတဲ့...အော်...ဘဝမှာကိုယ်ကိုယ်ကိုစိတ်တိုင်းမကျလို့ အမြဲစိတ်ဓာတ်ကျနေခဲ့တာ..အခုတော့အားရှိသွားပြီ..သူတို့ကိုပြန်ပြုံးပြလိုက်တယ်..rain ကအပြင်မှာတအားမိုက်တာပဲကွယ်...ဟိတ်ဟန်မရှိဘူး..အေးအေးလေး

ဒါနဲ့ဆိုဒုတိယအကြိမ်ပဲ...လွန်ခဲ့တဲ့ ၇နှစ်လောက်က MTV exit ပွဲမှာ jason mraz နဲ့ဆုံတုန်းလဲ..မိန်းကလေးမင်းနဲ့ ဓာတ်ပုံရိုက်ချင်လို့..ရမလားတဲ့...မငိးသိပ်လှတယိဆိုပြီး

တခါတလေ ကိုယ့်ကိုကိုယ့်နိုင်ငံမှာ သိပ်မကြိုက်လက်မခံကြတာကို အမြဲသိမ်ငယ်နေခဲ့တာ...အခုတော့ ဝမ်းသာတယ်...ကိုယ့်ကိုယ်ကိုလဲအကောင်းမြင်တတ်လာပြီ...ငါပါးစပ်ပြဲ နှုတ်ခမ်းကြီးတာရှက်စရာမဟုတ်ဘူး...ငါ့ဆံပင်တွေကွေးကောက်ပြီးအုံဖွာနေတာ ရှက်စရာမဟုတ်ဘူး...ငါ့ကိုချီးကျူး သွားကြတဲ့တွေဟာ ကမ္ဘာကျော်တွေမို့ ကိုယ့်ကိုမကောင်းပြောလက်မခံကြတဲ့သူတွေကိုလဲ..စိတ်မကောင်းမဖြစ်တော့ဘူး.မသိမ်ငယ်တော့ဘူး...လောကမှာ ဘုရားပေးထားတာ ကိုယ့်အလှနဲ့ကိုယ်စီရှိကြတယ်...အဓိကက ကိုယ့်မှာရှိတာကိုယ်လက်ခံတတ်ဖို့ရယ်...ကိုယ့်တန်ဖိုး ကိုယ့်အလှဆိုတာ ကြည့်သူကိုယ့်ကိုတန်ဖိုးသိတဲ့လူတွေရှိနေသေးတယ်ဆိုတာကိုမမေ့ဖို့ပဲ..လမ်းမှားပြီးဘဝင်တေစွပ်မမြင့်ဖို့ အောက်ခြေမလွတ်ဖို့တော့လိုတာပေါ့...ပြောချင်တာက တခါတလေမှာပတ်ဝန်းကျင်ကကိုယ့်ကိုမနာလိုလို့တိုက်ခိုက် ဘေးဖယ်ထားကြပေမဲ့..မထင်မှတ်တဲ့တထောင့်တနေရာမှာ ကိုယ့်ကိုတန်ဖိုးထားတဲ့အမြင်နဲ့မြင်နေသေးတယ်ဆိုတာမမေ့ဖို့ပြောချင်တာပါ...

ကျမအတွက်ကတော့ ဘဝမှာ အခုလိုချီကျူး ခံရတာ ..အမြဲတမ်းကိုယ့်ကိုယ်ကို မကြိုက်ခဲ့တဲ့ အားငယ်ခဲ့တဲ့ကျမ သူတို့တွေရဲ့စကားသံ...ကျမကိုချစ်တဲ့ ကျမရဲ့လူမျိုးပရိတ်သတ်တေကြောင့် ကျမပိုပြီးအားရှိလာတယ်ဆိုတာကိုပြောချင်တာပါ..ကိုယ့်အတွက်ကတော့ ကိုယ်ကြိုက်တဲ့ ကမ္ဘာကျော်တွေနဲ့တွေ့ရတာနဲ့တင်လုံလောက်ပါတယ်လို့....ဘာပဲဖစ်ဖြစ်ကျမမသိမ်ငယ်တော့ဘူးလို့.ဘုရားကိုကျေးဇူးတင်တယ်...သေးငယ်သောမဂ်လာစကားဟာ ကြီးမားသောအမှု စိတ်ခွန်အားရစေတဲ့အတွက်...လေယာဉ်ဘီးနှစ်ဖက် ချလိုက်ကတည်းကအရာရာကိုဘုရားဆီပုံအပ်ထားခဲ့တာ...ခရီးစဉ်အစအဆုးံအောင်မြင်တဲ့အပြင်ကိုယ်မထင်မှတ်ထားတဲ့အမှတ်တရတွေနဲ့ကုံရလို့ ကျေးဇူးတင်မဆုးံပါဘူး...” ဆိုပြီး သူမရဲ့အပျော်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo - ချမ်းချမ်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။