Spy ဆိုတာဟာ လျှို့ဝှက်နက်နဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး လူတွေနားမှာ ရှိနေရင်တောင်မသနိုင်တဲ့သူတွေပါ။ သူတို့ဟာ အထက်ကမှာကြားတဲ့ အရေးကြီး အချက်အလက်တွေကို ယူဖို့ တိတ်တခိုးလှုပ်ရှားတဲ့ သူမို့ကိုယ့်နားမှာရှိရင်တာင် မသိနိုင်လောက်အောင်တော်ကြပါတယ်။ တိုက်ခိုက်တဲ့နေရာမှာလဲ ကျွမ်းကျင်ပြီး စကားပြောတဲ့ နေရာမှာလဲ ချော်မွတ်ပါတယ်။ပရိသတ်ကြီးလဲ Spy ကားပေါင်းများစွာကို ကြည့်ဖူးကြမှာပါ...သူတို့တွေကို ကြည့်ပြီး Spy တစ်ယောက်ဖြစ်ချင်တဲ့ အခါလေးတွေလဲရှိနိုင်ပါတယ်။ လက်တွေ့ဘဝမှာ Spy တစ်ယောက်မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ.....။ 

Spy တစ်ယောက်ဖြစ်ဖို့အတွက် ဒီအချက်တွေကို အရင်ပြုလုပ်ပါ။

၁။ သြဇာတိက္ကမနဲ့ ပြည့်စုံပါစေ....

James Bond ဟာ အရမ်းတော်တဲ့ အေဂျင့်တစ်ယောက်မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ သူက သန်မာတယ်...လျှို့ဝှက်တယ်...စမတ်ကျတယ်။ အဲ့လောက်ပါပဲ...အဲ့တော့ သင်လေ့ကျင်ဖို့လိုတာက သူစိမ်းတွေဆိကနေ ဖုန်းနံပါတ်ယူတတ်ပါစေ။ ကိုယ်မသိတဲ့သူနဲ့ စကားတွေပြောပြီး သူတို့ရဲ့လူမှုရေးကို သိအောင်လုပ်ပါ။ အာ့မှ Crush ရဲ့ဖုန်းနံပါတ်နဲ့ လူမှုရေးတွေကို သိရမှာ။

၂။ မတူညီတဲ့ လူတွေနဲ့ စကားပြောပြီး ကိုယ်ရဲ့နေပုံထိုင်ပုံ Skill ကိုကျင့်ပါ....

ကိုယ့်ကို လက်မခံတဲ့ နေရာပတ်ဝန်းကျင်မှာ ကိုယ့်ကိုလက်ခံနိုင်အောင် ပြုလုပ်ပါ။ ကိုယ်မကျွမ်းကျင်တဲ့ နေရာတွေမှာ ကျွမ်းကျင်အောင်ပြုလုပ်ပါ။ ပြင်သစ်ရောက်ရင် ပြင်သစ်လိုနေ ဂျပန်ရောက်ရင် ဂျပန်လိုနေ...အဲ့လိုပုံစံပါပဲ။ Crush ဆိရောက်ရင် Crush လိုနေ....။

၃။ လိမ်မိတဲ့အရာကို ပျောက်တက်အောင်လုပ်ပြီး လိမ်ပြောတက်အောင် လုပ်ပါ....

ဟုတ်တယ်လေ...Spy တစ်ယောက်ဆိုတာ လူမိသွားလို့မဖြစ်ဘူးလေ...အဲ့တော့ Crush ရဲ့သူငယ်ချင်းတွေ ကို့ယို တစ်ခုခုမိသွားရင် ပြန်မပြောအောင် လိမ်တက်ရမယ်လေ။ လိမ်ပြောတဲ့ အခါစိတ်အေးအေးထားပြီး တည်ငြိမ်ပါ ဖိအားမများပါနဲ့ ပုံမှန်ပဲပြောပါ။

၄။ ကျန်းမာကြံ့ခိုင် ဖျတ်လက်တက်ပါစေ....

ဒါကေတာ့ Spy ဖြစ်ချင်သူတွေအတွက်ပါ....တိတ်တဆိတ်ကိစ္စတွေလုပ်ရရင် ကိုယ့်ရဲ့ခန္ဓာကိုယ်က အလေးချိန်ညီနေရပါမယ်....လျှို့ဝှက်တက်ရပါမယ်။ မိသွားရင်လဲ ကျန်းမာကြံ့ခိုင်တဲ့အတွက် ဖျက်လက်သွက်လယ်နေတာမို့ မိဖို့မကြောက်ရပါဘူး။ Spy တွေရဲ့လျှိ့ဝှက်လက်နက်တစ်ခုကတော့ Yoga ပဲဖြစ်ဖို့များပါတယ်။ ခန္ဓာကိုယ်အနေအထားနဲ့ စိတ်က ငြိမ်းချမ်းနေပြီး ပေါ့ပါးသွယ်လက်နေတက်လို့ပါ။

၅။ ကိုယ်ခံပညာတက်အောင် သင်ယူပါ....

ဟုတ်ပါတယ်...Spy တစ်ယောက်ဖြစ်ဖို့ ကိုယ်ခံပညာလိုအပ်တာ ပရိသတ်ကြီးလဲ သိမှာပါ။ ရန်သူတွေနဲ့ ထိုးကြိတ်ရတဲ့အခါ အဆင်ပြေပါတယ်။ ထွက်ပြေးလို့မရတော့မှ ပြန်ခုခံပေါ့။

၆. ဘာသာစကားများများ သင်ယူပါ.....

Spy တစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာသာစကား ၂ခုလောက်နဲ့ အဆင်မပြေပါဘူး။ ၅ခုလောက်ဆိုရင်တော့ မဆိုးပါဘူး...Crush ကိုလဲ အမျိုးမျိုး ပတ်ပြောလို့ရတာပေါ့။ လူသုံးများတဲ့ ဘာသာစကားကို အဓိကသင်ယူပါ။

၇။ နှုတ်ခမ်းကို ဖတ်တက်ပါစေ....

ကိုယ်ရဲ့မြင်ရလောက်တဲ့ အကွာအဝေးကနေ Crush ကထိုင်နေပြီး သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေတဲ့အခါမှာ သူဘာပြောလဲဆိုတာ သိရဖို့အတွက် နှုတ်ခမ်းအနေအထားကို ကြည့်ပြီးသိတက်အောင်ပါ။ Spy တွေအနေနဲ့လဲ ကိုယ်လိုက်နေရတဲ့သူက အဲ့လိုမနီးမဝေးမှာ လူတစ်ယောက်နဲ့စကားရပ်ပြောနေတာကို ဘာပြောလဲဆိုတာ သိတက်ဖို့လိုပါတယ်။ အဲ့နည်းတွေ တက်ကျွမ်းရင်တော့ Spy တစ်ယောက်ဖြစ်ဖို့ ၅၀ရာခိုင်နှုန်းပြီးပါပြီ။ အဆင်ပြေကြပါစေ....။

Source : Wikihow 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။