ဂျပန်-မြန်မာ့လက်ဝှေ့လောကမှာ မသိသူရှားဖိုက်တာတစ်ဦးဖြစ်တဲ့ ဂျပန်နိုင်ငံသား တိုခဲရှိကိုတော့ လက်ဝှေ့ချစ်ဝါသနာရှင်အားလုံးသိကြမယ်ထင်ပါတယ်။ မြန်မာ့လက်ဝှေ့အကျော်အမော်များစွာကို အလဲထိုးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ရှုံးပွဲများစွာနဲ့လည်း ရင်ဆိုင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ ပြည်တွင်းနာမည်ကြီးဖိုက်တာတွေကို အလဲထိုးနိုင်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာစာရင်းထဲမှာ ထိပ်တန်းစာရင်းဝင်သူတစ်ယောက်လည်းဖြစ်ပါတယ်။  

လက်ဝှေ့ထိုးသတ်မှုမှရရှိတဲ့ ငွေးကြေးအချို့ကို အလှူအတန်းတွေမှာ ပါဝင်လှူဒါန်းလေ့ရှိပြီး ပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုကိုလည်းပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ တိုခဲရှိကတော့ လက်ရှိ သမီးတစ်ယောက်သားတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ဂျပန်-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲရဲ့ ထိပ်တန်းစာရင်းဝင်ဖိုက်တာတစ်ဦးလည်းဖြစ်ကြောင်း သိရပါတယ်။

photos - Tatsuck fu 

မကြာသေးမီကလည်း မြန်မာ့လက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်တဲ့ မင်းမောင်မောင်နဲ့ ထိုးသတ်ခဲ့ပြီး အလဲထိုးအနိုင်ရလဒ်တစ်ခုကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်း ဖိုက်တာများစွာနဲ့ ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်တဲ့ တိုခဲရှိကတော့ လက်ရှိ မြန်မာ့လက်ဝှေ့လောကရဲ့ ထိပ်တန်းစာရင်းဝင်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်များစွာရဲ့ အားပေးမှုတွေကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။