ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ Make Up Artist တစ်ဦးဖြစ်တဲ့ စည်သူဟိန်း (Asi) အတါ့် အရမ်းကို စိတ်မကောင်းဖြစ်လို့ နေပါတယ်..။
တီဘီပိုးဦးနှောက်ထဲဝင်ကာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူမအရမ်းချစ်ရတဲ့ မိတ်ကပ်ဆရာလေး အစည်အတွက် သင်ဇာလေးတစ်ယောက် ရည်စူးကုသိုလ်လေးတွေ ပြုလုပ်ကုသိုလ်ယူနေတာလည်း တွေ့ရပါတယ်..။
ရည်စူးကုသိုလ်လေးအဖြစ် ပြီးခဲ့တဲ့ ရက်က အောင်ဇမ္ဗူတောရ ဆရာတော်ကြီးကျောင်းမှာ ဆရာတော်ဘုရားနဲ့ သံဃာတော်များကို အာရုံဆွမ်း ကပ်လှုပူဇော် ကုသိုလ်ယူကောင်းမှုလေးတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်..။
စိတ်မကောင်းစွာနဲ့ ရည်စူးကုသိုလ်လေး ပြုလုပ်ပေးခဲ့ပြီး ကွယ်လွန်သူ စည်သူဟိန်းအတွက် အမျှအတန်းတွေလည်း ပေးဝေခဲ့ပါတယ်..။
သင်ဇာနဲ့ မိတ်ကပ်ဆရာလေးစည်သူဟိန်းတို့ဟာ အလုပ်တွေအများကြီး အတူလုပ်ဆောင်ခဲ့ကြသလို အခုလို ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက်လည်း သင်ဇာလေးတစ်ယောက် မယုံနိုင်ဖြစ်နေပြီး စိတ်မကောင်းဖြစ်တဲ့အကြောင်းလေးကိုလည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေးသားထားပါသေးတယ်..။
Make Up Artist စည်သူဟိန်းအတွက် သင်ဇာတအပြင် အခြားအနုပညာရှင်တော်တော်များများနဲ့ မိတ်ဆွေသူငယ်ချင်း ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတဲ့အကြောင်းလေးတွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားကြတာလည်း တွေ့ရပါတယ်..။
Photo - Win Min Thu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။