မန်ချက်စတာယူနိုက်တက်အသင်းဟာသူတို့အသင်းရဲ့အဓိကဂိုးသမားဖြစ်တဲ့ဒီဂီယာကိုလက်လွှတ်ရဖို့ရှိနေပြီဖြစ်ပါတယ်။ဒီဂီယာကတော့မန်ယူအသင်းကနေထွက်ခွာဖို့ရာသီမကုန်ခင်တည်းကသတင်းတွေထွက်ပေါ်ခဲ့ပေမယ့်ခုမှာတော့သတင်းတွေကပိုမိုခိုင်မာလာခဲ့ပြီဖြစ်ပါတယ်။ဒီဂီယာကတော့မန်ယူအသင်းမှာသာဆက်ရှိမယ်ဆိုရင်လစာလျော့ချရမယ့်အခြေနေရှိနေတာကြောင့်အသင်းကထွက်ခွာတော့မှာပါ။

ဒီဂီယာကိုဂျူဗင်တပ်၊PSGအသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပြီးကစားသမားကိုယ်တိုင်ကလည်းအဆိုပါအသင်းကြီးတွေကိုပြောင်းရွေ့ဖို့ရှိနေတာပါ။ဒါကြောင့်အပြောင်းအရွေ့ဖြစ်လာနိုင်ပြီးမန်ယူအသင်းအတွက်တော့အဓိကကစားသမားဆုံးရှုံးရတော့မှာဖြစ်တာကြောင့်အကျပ်အတည်းနဲ့ကြုံတွေ့နေရတာပါ။

ဒီဂီယာကိုတော့မန်ယူအသင်းကပြောင်းရွေ့ကြေးသန်း၆၀လောက်နဲ့ရောင်းထုတ်ဖို့ဆန္ဒရှိနေတာပါ။သူကတော့တစ်ချိန်ကမန်ယူအသင်းကိုအကောင်းဆုံးလက်စွမ်းပြကာကွယ်မှုတွေနဲ့အကောင်းဆုံးဂိုးသမားအဖြစ်ရပ်တည်ခဲ့ပေမယ့်နောက်ပိုင်းမှာလစာကိစ္စတွေနဲ့အမှားတွေများခဲ့တာကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။