Zayn Malik ကော်ဇော်နီပေါ်နောက်ဆုံးတက်ရောက်ခဲ့တဲ့ ပွဲကတော့ ၂၀၁၈ခုနှစ် ဇန်နဝါရီလက နှစ် ၆၀မြောက် Grammy ဆုပေးပွဲပဲဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းကဆိုရင်တော့ သူဟာ အာလာဒင်ရုပ်ရှင်ကားဖွင့့်ပွဲကိုတက်ရောက်ခဲ့ပါတယ်။ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ One Direction အဖွဲ့ဝင်ဟောင်းဖြစ်သူ Zayn သူနဲ့ တွဲဖက်သီချင်းဆိုသူ Zhavia Ward နဲ့အတူ တက်ရောက်ခဲ့ပြီး ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။ မမြင်တာကြာလာလို့လားမသိဘူး အရင်ကထက်ပိုပြီ ခန့်ပြီချောလာပါတယ်။ 

Zayn နဲ့ Zhavia တို့ဟာဆိုရင် ခုရုံတင်ပြသနေတဲ့ အာလာဒင်ကားထဲက သီချင်းဖြစ်တဲ့ A Whole New World ဆိုတဲ့သီချင်းကို သူတို့နှစ်ယောက် အတူတူဆိုထားကြတာဖြစ်ပါတယ်။ နောက်ဆုံး Album ကို ဒီဇင်ဘာလ ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Zayn ဟာ Video ထဲမှာဆိုရင်တော့ နယူးယောက်မြို့ရဲ့ ဗဟိုပန်းခြံမှာ ညဘက်လမ်းလျှောက်နေခဲ့တာဖြစ်ပါတယ်။ Video ထဲမှာ သူ့ကိုကြည့်ရတာ စိတ်ဖိအားတွေများပြီး လမ်းလျှောက်နေသလို တွေ့ရှိရပါတယ်။ 

Zhavia ကတော့ Deadpool 2 သီချင်းဖြစ်တဲ့ Welcome To The Party ဆိုတဲ့၃ယောက်ထဲက ၁ယောက်ဖြစ်ပြီး သူမအသက်ဟာဆိုရင်တော့ ၁၈နှစ်ရှိပြီဖြစ်ပါတယ်။ ခုအာလာဒင်ကားဟားဆိုရင်တော့ Disney ရဲ့ ၁၉၉၂ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Animated ရုပ်ရှင်ကားကို Live Action အဖြစ်ပြန်လည် ရိုက်ကူးထားတာကို ပရိသတ်ကြီးသိမှာပါ။ ဒီဇာတ်ကားဟာဆိုရင်တော့ Disney ကားတွေကို ကြိုက်နှစ်သက်ကြတဲ့ မိန်းကလေးတွေ သွားကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ သွားကြည့်လိုက်ကြပါအုန်း။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။