ရုပ်ရှင်ကားတစ်ကားကို သင်၁ရက်ထဲရိုက်လို့မရပါဘူး...တစ်ကားတစ်ကားရိုက်ဖို့လပိုင်း ဒါမှမဟုတ် နှစ်နဲ့ချီကြာကာ ရိုက်ကူးရပါတယ်။ အဲ့လို ရိုက်ကူးနေတဲ့ချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိရှိနိုင်ပါဘူး။ ရုပ်ရှင်ရိုက်နေချိန်တွင်းမှာ သရုပ်ဆောင်းတွေဒဏ်ရရမယ် ဒါမှမဟုတ် သေဆုံးတာတွေဟာ ရှိတက်ပါတယ်။ ဒါပေမဲ့လဲ Hollywood ရုပ်ရှင်လောကဟာ အမြဲပြောလေ့ရှိတဲ့ " The Show Must Go On " ဆိုတဲ့အတိုင်း ရုပ်ရှင်ကို ဆက်လက်ရိုက်လေ့ရှိပါတယ်။ အာ့ကြောင့် သေဆုံးသွားတဲ့သူတွေဟာ ရုပ်ရှင်ကားထဲမှာ ပြန်လည်ပါဝင်လေ့ရှိပါတယ်။ အစားထိုးရိုက်ကူးတယ် ဇာတ်လမ်းပြင်ပေမဲ့ မဖြစ်မနေတွေဆို ကြိုးစားပြုလုပ်ပြီး ရိုက်ကူးကြပါတယ်။ 

Peter Cushing ဟာဆိုရင်တော့ ၁၉၁၃ ကနေ ၁၉၉၄ ခုနှစ်ထိရှိနေခဲ့ပြီး သူဟာ သေဆုံးသွားခဲ့ပြီးပြီဖြစ်ပေမဲ့ Star War:Rogue One မှာပြန်ပါလာခဲ့ပါတယ်။ ကားဟာဆိုရင်တော့ ၂၀၁၆ခုနှစ်မှာထွက်ရှိတာဖြစ်ကာ သူ့ကို CG တွေနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Marlon Brando ကတော့ ၁၉၂၄ ကနေ ၂၀၀၄ အထွရှိနေခဲ့တာဖြစ်ပြီး ၂၀၀၆ခုနှစ်မှာထွက်ရှိတဲ့ Super Man Returns မှာပြန်လည်ပါဝင်ခဲ့ပါတယ်။ ကားထဲမှာတော့ Super Man ရဲ့အဖေနေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ၁၉၇၃ ကနေ ၂၀၁၃ အထိရှိခဲ့တဲ့ Paul Walker ပဲဖြစ်ကာ သူသေဆုံးမှုကိုလဲ ပရိသတ်ကြီးသိမှာပါ။  

သူသေဆုံးသွားတဲ့အတွက် ဇာတ်လမ်းလဲ ပြင်လိုက်သလို သူ့နေရာမှာ သူ့ညီကိုထည့်သွင်းပြီး CG နဲ့ပြုပြင်ခဲ့ပါတယ်။ Heath Ledger ဟာဆိုရင် Legend တစ်ယောက်ဖြစ်ခဲ့ပါတယ်....သူရဲ့ဇာတ်ဆောင်ဖြစ်တဲ့ Joker ဟာနောက်ဆုံးဇာတ်ဆောင်ပါပဲ။ သူမသေဆုံးခင်ချိန်မှာ သူဟာ " The Imaginarnum Of Doctor Parnassus " ကားကိုရိုက်ကူးနေခဲ့တာဖြစ်ပြီး မပြီးဆုံးခင်မှာ သေဆုံးခဲ့ပါတယ်။ အဲ့တော့ဇာတ်လမ်းကို သူတို့ကပြောင်းလဲလိုက်ပါတယ်....ဘာလိုလဲဆိုတော့ အပြိုင်လောကကိုကို သူကိုခရီးပေးသွားလိုက်ကာ ဇာတ်လမ်းပြောင်းလိုက်ပါတယ်။ တခြားသော သရုပ်ဆောင်တွေဖြစ်တဲ့ Audrey Hepburn, Brandon Lee နဲ့ Bruce Lee တို့ကလဲ သေဆုံးခဲ့ပေမဲ့ ရုပ်ရှင်ကားထဲမှာ ပြန်လည်ပါဝင်ခဲ့ကြပါသေးတယ်။ 

Source : Brainberries

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။