ဂျူပင်တပ်စ်အသင်းကိုငါးနှစ်ဆက်တိုက်စီးရီးအေချန်ပီယံဆုရယူပေးနိုင်သော နည်းပြအလီဂရီကို အီတလီဘောလုံးအဖွဲ့ချုပ်ကအီတလီဘောလုံးလောကတွင်ထူးခြားအောင်မြင်ခဲ့သူများအားဂုဏ်ပြုစာရင်းသွင်းသည့် Football Hall Of Fame တွင်စာရင်းသွင်းကာ ဂုဏ်ပြုဆုကိုအီတလီဝါရင့် နည်းပြကြီး မာဆယ်လိုလစ်ပီကပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။အီတလီဘောလုံးအဖွဲ့ချုပ်က အလီဂရီနှင့်ပက်သက်ပြီး " အလီဂရီက စီးရီးအေချန်ပီယံဆုကို ငါးနှစ်ဆက်တိုက်ရယူနိုင်တဲ့ တစ်ဦးတည်းသောနည်းပြပါ။

စုစုပေါင်းဆိုရင် စီးရီးအေချန်ပီယံဆုခြောက်ကြိမ်ရခဲ့တယ်။ ကိုပါအီတာ လီယာဖလားလေးကြိမ်၊ အီတလီစူပါဖလား သုံးကြိမ်ရနိုင်ခဲ့လို့ ထိုက်တန်စွာဂုဏ်ပြုရခြင်း ဖြစ်ပါတယ်" လို့ သတင်းထုတ်ပြန်ခဲ့တာပါ။အလီဂရီဟာ ၂၀၁၀-၂၀၁၁ ဘောလုံးရာသီတွင် အေစီမီလန်အသင်းကို စီးရီးအေချန်ပီယံဆုရယူပေးနိုက်သူဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကွန်တီထွက်ခွာသွားသည့် ဂျူပင်တပ်အသင်းရဲ့နည်းပြရာထူးကိုရယူခဲ့သူဖြစ်ပါတယ်။  

အလီဂရီက ရရှိသောဂုဏ်ပြုဆုကိုလှူဒါန်းမည်ဖြစ်ကြောင်းနဲ့ အီတလီဘောလုံးသမိုင်းတွင် ထာဝရဂုဏ်ပြုခံရခြင်းအတွက် ဝမ်းသာကြောင်းပြောကြားခဲ့ပါတယ်။ အလီဂရီဟာ မေ၂၆ တွင် ဆမ်ဒိုးရီးယားနှင့်ရာသီသိမ်းစီးရီးအေပွဲစဉ်ပြီးပါက အသင်းမှထွက်ခွာမှာပဲ ဖြစ်ပါတယ်။မန်ယူအသင်းကလည်းအယ်လီဂရီကိုခေါ်ယူဖို့ကြိုးစားနေတာကြောင့်အင်္ဂလန်ကလပ်တွေမှာတွေ့ရဖို့ရှိနေတာပါ။

SOURCE:BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။