ကာတာနိုင်ငံ

ကာတာနိုင်ငံရဲ့ အဓိကဝင်ငွေ ရရှိမှုနှုန်းဟာ ရေနံရောင်းချရာကနေ အမြတ်အစွန်းများစွာ ရရှိနေတာဖြစ်တယ်လို့ စီးပွားရေး ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ကာတာနိုင်ငံရဲ့ တစ်ဦးချင်း GDP ဟာ ဒေါ်လာ ၁သိန်း၂သောင်းကျော်ဝန်းကျင်ရှိပြီး တိုင်းပြည်ရဲ့ အလုပ်လက်မဲ့ ရာခိုင်နှုန်းဟာ ဝ.၄ ရာခိုင်နှုန်းပဲ ရှိတာကြောင့် ကမ္ဘာ့ အချမ်းသားဆုံး နံပါတ် ၁ နိုင်ငံအဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။  

လူဇင်ဘတ်နိုင်ငံ

လူဇင်ဘတ်နိုင်ငံသည် အနောက်ဥရောပတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပေမယ့်လည်း နိုင်ငံရေး အဓိကစီးပွားရေးဖြစ်တဲ့ စတီးလ် ထုတ်လုပ်ရေးနဲ့ နိုင်ငံတကာ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေ ကြောင့် တိုင်း ပြည်ဟာ ကြွယ်ဝလာခဲ့တာ ပဲ ဖြစ်ပါတယ်။ လူ ဦးရေ သန်းတစ်ဝက်ကျော်ခန့်မျှ ရှိပြီး တိုင်းပြည်ရဲ့ တစ်ဦးချင်း GDP ဟာ ဒေါ်လာ ၁သိန်း၁သောင်းနီးပါးရှိကာ အလုပ်လက်မဲ့ ဦးရေဟာလည်း ၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ 

စင်ကာပူနိုင်ငံ

အာရှတိုက်ထဲမှာရှိပြီး ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံဟာ နိုင်ငံငယ်လေးတစ်ခု ဖြစ်သော်လည်း နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ နှင့်အတူ အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတို့အပြင် ရိုးရာကုန်သွယ်ရေးနှင့် ထုတ်ကုန်သွင်းကုန်လုပ်ငန်းတို့ ပါဝင်သော ခေတ်သစ်စီးပွားရေးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒါ့ကြောင့် စင်ကာပူနိုင်ငံရဲ့ စိးပွားရေးဟာ ဒီရေအလား တရှိန်ထိုးတိုးလာခဲ့ပြီး တိုင်းပြည်ရဲ့ တစ်ဦးချင်း GDP ဟာ ဒေါ်လာ ၉သောင်းနီးပါးအထိ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ 

Source : Immigration Do 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။