ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အကယ်ဒမီခိုင်သင်းကြည်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။မခိုင်လေးရဲ့ ရိုးသားပွင့်လင်းပြီး ပျော်ပျော်နေတတ်ပုံလေးတွေက ပရိသတ်ကို အချစ်တိုးစေတာဖြစ်ပါတယ်။မခိုင်လေးက ဇာတ်ကားပေါင်းများစွာရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်တဲ့သူတစ်ယောက်ဖြစ်လို့ သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကို ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြပါတယ်။

မခိုင်လေးက အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတည်းက လုပ်ဆောင်ခဲ့တာကြောင့် အခုချိန်မှာဆိုရင် အတွေ့အကြုံအများကြီးရှိတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်လို့ ဆိုလို့ရနေပါပြီနော်။မခိုင်လေးက ယခုချိန်ထိလည်း ပျိုမျစ်နုငယ်တဲ့အလှတရားတွေနဲ့ အသက်၄၀ကျော်လို့မထင်ရလောက်အောင် ကျက်သရေရှိစွာလှပနေဆဲ ဖြစ်ပါတယ်။မခိုင်လေးရဲ့အလှက ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်လေယဉ်လေအလှလေးကြောင့် မြင်သူတိုင်းရင်ကို အေးချမ်းသွားစေပါတယ်နော်။

အခုလက်ရှိမှာလည်း မခိုင်လေးက ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပါဝင်ရိုက်ကူးနေပြီး ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံယူနေဆဲဖြစ်ပါတယ်။အခုဆိုရင်တော့ မခိုင်လေးက ရုပ်ရှင်ဇာတ်ကားကြီးအတွက် အနုပညာရှင်မောင်နှမတွေနဲ့အတူ ပဲခူးရိုးမဘက်ကို ခရီးထွက်နေတာပဲဖြစ်ပါတယ်။ဆိုင်ကယ်စီးလေ့မရှိတဲ့ မခိုင်လေးအတွက်ကတော့ "စီးကာစကကြောက် အခုတော့လက်လွှတ်ပြီးတောင် စီးရဲပြီ"ဆိုပြီး ပြုံးရွှင်ရယ်မောကာ သတ္တိရှိကြောင်းကို ဗီဒီယိုဖိုင်လေးနဲ့အတူ မျှဝေပေးလိုက်ပါတယ်နော်။

Source:Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။