ဗင်နီဇွဲလားနိုင်ငံဟာဆိုရင်တော့ ပြီးခဲ့တဲ့နှစ်တွေထဲက စတင်ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်တဲ့ ပြသနာနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးဟာလည်း အင်မတန်ကျဆင်းနေတာကြောင့် ဗင်နီဇွဲလားပြည်သူတွေဟာ အစားစားရဖို့တောင် အင်မတန်ရုံးကန်နေရတာကို တွေ့ရပါတယ်။

ယခုလိုပြသနာတွေဖြစ်ပေါ်လာမှုကိုတော့ ဗင်နီဇွဲလားအတိုက်အခံတွေဟာ သမ္မတမာဒူရိုဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ အကျင့်ပျက်ချစားမှုတွေ ၊ စီမံခန့်ခွဲမှုအမှားတွေကြောင့်လို့ အပြစ်တင်ထားပေမယ့် သမ္မတမာဒူရိုကတော့ ယခုလိုပြသနာတွေဟာ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မှုတွေကြောင့် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

အရင်တုန်းကတော့ နိုင်ငံထဲဝင်လာသမျှ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို လုံးဝလက်မခံဘဲ ဖျက်ဆီးခဲ့တဲ့ သမ္မတ မာဒူရိုဟာဆိုရင် လက်ရှိအချိန်မှာဆိုရင် မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ကျူးဘား၊ တရုတ်နဲ့ ရုရှားစတဲ့နိုင်ငံတွေကို ဆေးဝါးနဲ့ပတ်သတ်တဲ့အကူအညီတွေပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းကဆိုရင်လည်း ရုရှားနိုင်ငံဟာ ဗင်နီဇွဲလားနိုင်ငံကို ဆေးဝါးပစ္စည်းတွေ အပါအဝင် အလေးချိန် တန်နှစ်သောင်းခြောက်ထောင်ကျော် ရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ပေးအပ်ခဲ့သေးတယ်လို့ သိရပါတယ်။  

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။