ဝါရင့်သရုပ်ဆောင် မင်းသားကြီး လွင်မိုးကတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့အတူ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းနေတဲ့ လွင်မိုးက အလှူအတန်းတွေကိုလည်း တတ်နိုင်သမျှ ပြုလုပ်ပြီး ကုသိုလ်ယူနေတာ ဖြစ်ပါတယ်။ အခုလည်း လွင်မိုးက လေပြင်းတိုက်ခတ်ပြီး ပျက်စီးသွားတဲ့ မြောက်ဦးမြို့ရှိ မြို့ဦးဂေါင်း စေတီဓမ္မာရုံခေါင်မိုးကို ပြန်လည်ပြုပြင်ရာတွင် ပါဝင်လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ (၅) ရက်နေ့က ရခိုင်ပြည်နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်ခဲ့တဲ့အတွက် မြောက်ဦးမြို့၊ မြို့ဦးဂေါင်းကျောင်းတိုင်အတွင်းအာရုံခံ ဓမ္မာရုံ အခေါင်မိုးတပိုင်း ပျက်စီးသွားခဲ့ပါတယ်။ ကာလတန်ဖိုးအားဖြင့် သိန်း(၂၀)ကျော်လောက်ထိ ဆုံးရှုံးနစ်နာခဲ့တာကြောင့် ပြန်လည်ပြုပြင်ရန် အလှူရှင်တွေ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ကြားသိခဲ့တဲ့ လွင်မိုးတို့ဇနီးမောင်နှံက ဓမ္မာရုံခေါင်မိုးကို ပြန်လည်ပြုပြင်ဖို့ ပါဝင်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ " လေပြင်းတိုက်ခတ်၍ ပျက်စီးသွားသော မြို့ဦးဂေါင်းစေတီ ဓမ္မာရုံခေါင်မိုးတွေကို အလှူရှင် အကယ်ဒမီ ကိုလွင်မိုး ၊ ဇနီး မမေသူမိသားစုမှ လှူဒါန်းပြီး ယနေ့စတင်မိုးနေပါပြီ နတ်လူသာဓုခေါ်စေသော်" ဆိုပြီး တာဝန်ရှိသူမှ ပုံနဲ့တကွ ပြောကြားထားတာ တွေ့ရပါတယ်။ လွင်မိုးတို့မိသားစုရဲ့ကောင်းမှုကြောင့် မြောက်ဦးမြို့မှာရှိတဲ့ မြို့ဦးဂေါင်းစေတီ ဓမ္မာရုံခေါင်မိုးကိုတော့ ပြန်လည်ပြုပြင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Source:Lwin Moe & Tun Tin; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။