နဂါးငွေ့တန်း ဂယ်လက်ဆီ ( Milky Way Galaxy) ဆိုတာ ကြယ်ပေါင်း ၁၀၀ မှ ၄၀၀ ဘီလီယံကျော် ပါဝင်သော ဂယ်လက်ဆီ တစ်ခု ဖြစ်ပြီး ဂြိုဟ်ပေါင်း အနည်းဆုံး ၁၀၀ ဘီလီယံ ပါဝင်ကာ အင်္ဂလိပ်ဘာသာတွင် မစ်ကီးဝေး ဂယ်လက်ဆီဟု ခေါ်ကြပါတယ်။ ကမ္ဘာ၊ နေနှင့် မိမိတို့၏ နေစကြာဝဠာတို့မှာ နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ပါဝင်ပြီး နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အချင်းမှာ အလင်းနှစ် ၁ သိန်း ရှိပါတယ်။ နဂါးငွေ့တန်း ဂယ်လက်ဆီကို ရှာဖွေ တွေ့ရှိမှုမှာ ရှေးခေတ်ဂရိ တွေးခေါ်ပညာရှင် ဒီမိုကရိတပ်မှ အစပြုခဲ့ပြီး နဂါးငွေ့တန်း ဂယ်လက်ဆီဟာ ဝက်အူရစ်သဏ္ဌန် ဂယ်လက်ဆီ အမျိုးအစား ဖြစ်ပါတယ်။  

ဂယ်လက်ဆီ အတွင်းတွင် ဂယ်လက်ဆီကြီး ၃ ခုနှင့် ပို၍သေးငယ်သော ဂယ်လက်ဆီအသေးစား ၃၀ ခု တို့ပါဝင်ပါသေးတယ်။ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အနီးဆုံးဂယ်လက်ဆီမှာ အင်ဒရိုမီဒါ ဂလက်ဆီ ပြီး အင်ဒရိုမီဒါဟာ Local Group ထဲတွင် အကြီးဆုံး ဂယ်လက်ဆီဖြစ်၍ နဂါးငွေ့တန်းမှာမူ ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။ ဂလက်ဆီတစ်ခုတွင် အကြမ်းအားဖြင့်ကြယ်ပေါင်း ကုဋေတစ်သိန်းခန့်ရှိ ပြီး ဓာတ်ငွေ့များနှင့်ပြီးသည်ဟု ယူဆနိုင်ပါတယ်။ ဂလက်ဆီပေါင်း ကုဋေတစ်သိန်းရှိသော အဖွဲ့အစည်းကို စကြာဝဠာဟုခေါ်ပြီး ရူပဗေဒ၏ဝေါဟာရအရ စကြာဝဠာမှာ ရုပ်လောကအတွက် အကြီးဆုံး အဖွဲ့အစည်းဟုမှတ်ယူရမှာပဲ ဖြစ်ပါတယ်။  

ဂလက်ဆီများ၏ အချင်းဝက် (အတိုင်းအတာ) ကို အလင်းလှိုင်း ဖြတ်သန်းရာတွင် ကြာရှိမည့် အချိန်တာနှင့်မှန်းဆ နိုင်ပြီး ဂလက်ဆီတစ်ဘက်စွန်းမှ ကျန်တစ်ဘက်စွန်းသို့ ဖြတ်သန်းသွားလာရန် အလင်းလှိုင်းသည် နှစ်ပေါင်း တစ်သန်းမျှ ကြာမှာပြ ဖြစ်ပါတယ်။ စကြာဝဠာတစ်ဘက်စွန်းမှ အခြားတစ်ဖက်စွန်း သို့ရောက်ရှိရန်အတွက်မူ အလင်းလှိုင်း အတွက် နှစ်ပေါင်း ကုဋေတစ်ထောင် ကြာရှိမည်ဖြစ်ပြီး အလင်းလှိုင်းဟာ တစ်စက္ကန့်တွင် ကီလိုမီတာပေါင်း တစ်သိန်းခန့် သွားနိုင်ကာ အလင်းထက်မြန်သောလှိုင်း သို့မဟုတ် အမှုန်မှာရုပ်လောကတွင် မတွေ့ရှိရသေးပါဘူး ။  

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။