၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ကတော့တစ်စထက်တစ်စပိုနီးလာတာနဲ့အမျှအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်ကာတာနိုင်ငံကလည်းဘောလုံးကွင်းတွေကိုသေချာပြီးစီးနိုင်အောင်ကြိုးစားနေကြတာပါ။အာရှတိုက်မှာနှစ်ပေါင်းအတော်ကြာမှပြန်ကျင်းပတာဖြစ်တာကြောင့်ကာတာနိုင်ငံဟာဒီပြိုင်ပွဲကိုအခမ်းနားဆုံးဖြစ်အောင်ကြိုးစားနေကြတာဖြစ်ပါတယ်။

သိပ်မကြာသေးခင်ကပဲကာတာနိုင်ငံမှာကမ္ဘာ့ဖလားပြိုင်ပွဲမှာအသုံးပြုမယ့်ကွင်းတစ်ကွင်းကိုဖွင့်လှစ်ခဲ့ပါတယ်။ဒီAl Janoub Stadium ကွင်းသစ်ကြီးကိုတော့ပြည်တွင်းဖလားပွဲတစ်ခုဖြစ်တဲ့ Amir Cup ပွဲစဉ်ကိုယှဉ်ပြိုင်ကစားပြီးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒီကွင်းကြီးကတော့ပရိသတ်၄၀၀၀၀ဆန့်ပြီးကမ္ဘာ့ဖလားအုပ်စုပွဲတွေကိုကစားမှာဖြစ်ပါတယ်။

ဒီကွင်းကြီးမှာတော့ပရိသတ်တွေအတွက်မပူအောင်လေအေးပေးစက်တွေလည်းပါဝင်ထားတာကြောင့်အကောင်းဆုံးကွင်းတွေထဲကတစ်ကွင်းအပါအဝင်ပဲဖြစ်ပါတယ်။ဒီကွင်းကြီးမှာတော့ရေကူးကန်တွေ shopping mall တွေပါဝင်မှာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်းအကောင်းဆုံးပြင်ဆင်မှုတွေနဲ့ဖွင့်လှစ်ခဲ့တဲ့ကွင်းသစ်ကြီးရဲ့videoကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။