ဂျာမနီနိုင်ငံဖွား အဆိုတော် Mikis ကတော့ မြန်မာနိုင်ငံက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေသူတစ်ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေချပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ Mikis က မြန်မာမလေး စုစုဝေနဲ့ ဖူးစာဆုံခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် Mikis နဲ့ စုစုဝေတို့စုံတွဲလေးက ချစ်သူသက်တမ်း တစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က Mikis စုံတွဲလေးက " Sedona Hotel " မှာသွားတည်းဖြစ်ခဲ့ကြောင်း အမှတ်တရပုံလေးတွေကို တင်ခဲ့ပါတယ်။ ဒီပုံလေးတွေကို တင်လိုက်တဲ့အခါမှတော့ Mikis ရော စုစုဝေရော မြန်မာယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့နေထိုင်မှုဖြစ်ကြောင်း ဝေဖန်သူတစ်ချို့ရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Mikis က အချစ်မှာ မျက်စိမရှိကြောင်း စာလေးနဲ့တကွ ရေးသားပြီး ဖော်ပြခဲ့ပါတယ်။

Mikis က " မြန်မာ နှင့် ဂျာမဏီ အချင်းချင် ချစ်နေကြတယ် ဘာဖြစ်တာလဲ? တစ်ချို့လူတွေကဒါကိုလက်မခံနိုင်ကျဘူး ။တစ်ချို့လူတွေက မျက်စိအမြင်ကို တမင် မမြင်ချင်ကန်းချင်ယောင်နေတယ်လို့မြင်တယ်။ အချစ်မှာ မျက်စိမရှိဘူးလေ ။ အချစ်မှာ အသားအရောင်ရော ဘာသာရော ဘာမှ မရှိဘူးနော် ။ Love is blind and unfortunatelly some people are too with their narrow and simple minds. But I have no ears for idiots. My love goes to you all, as I have no space in my heart to hate anybody. Love is mighty, hate makes fools. No time for fools. Open your eyes to the truth. Dont stay blind and deaf. You will walk against a wall .ONE LOVE !! Thanks for all the sweet words and lovely people around. Arbwarr Gyi " ဆိုပြီး ဝေဖန်ပြောဆိုသူတွေကို ပြန်လည်တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

Source:Mikis Weber;

credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။