ပရိသတ်ကြီးရေ တစ်ချိန်က အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ စမိုင်းလ်ကတော့ အဘွားဖြစ်သူကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာအရည်သွေးက ပြောစရာမလိုအောင် ကောင်းပါတယ်နော်။စမိုင်းလ်က ယခုချိန်မှာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမယ့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ ယနေ့ထိတိုင်အားပေးချစ်ခင်နေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ စမိုင်းလ်က သူမရဲ့ ပျော်ရွှင်စရာမိသားစုလေးနဲ့အတူ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။ကျန်းမာရေးကိုလည်း အလွန်ဂရုစိုက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် စမိုင်းလ်က GYMကိုတော့ နေတိုင်းကစားပါတယ်။စမိုင်းလ်ရဲ့ ကျစ်လစ်သွယ်လျပြီး အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှလေးကလည်း မိန်းကလေးချင်းတောင်လည်ပြန်ငေးသွားရပါမယ်နော်။

စမိုင်းလ်က မိသားစုနဲ့အတူ မကြာခဏခရီးထွက်လေ့ရှိပြီး အခုဆိုရင်လည်း ချစ်ရတဲ့ခင်ပွန်းနဲ့အတူတူ အမေရိကန်ကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံကတော့ အမေရိကန်ရဲ့ အထင်ကရနေရာတွေကို လည်ပတ်နေကြပြီး ပျော်ရွှင်နေကြပါတယ်။အခုဆိုရင်တော့ စမိုင်းလ်က "ခေးတွေမပါတုန်းလေတစ်ယောက်တည်းဆော့ သေနတ်ပစ်တာကြောက်လွန်းလို့အိုင်တင်လုပ်ပြီးပြန်လှည့်ခဲ့ရတဲ့ဘဝ"ဆိုပြီး ချစ်စရာပုံရိပ်လေးတွေကို မျှဝေထားပါတယ်နော်။

Source:Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။