အောင်လအန်ဆန်းရဲ့ ညီတပည့်ဖြစ်သူတွေထဲမှာ အတော်ဆုံးနဲ့ အကောင်းဆုံးဖိုက်တာတွေကတော့ အနည်းငယ်လောက်သာ ရှိပါတယ်။ အဆိုပါ ညီတပည့်တွေထဲမှာ ပရိသတ်အချစ်တော် ဖိုးသော်နှင့်အတူ ချင်းပြည်နယ်မှာ ဖိုက်တာတစ်ဦးဖြစ်တဲ့ ထီရယ်ထန်းလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။  

ထီရယ်ထန်းကတော့ နပမ်းပညာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး နပမ်းပွဲပေါင်း ၅၀၀ နီးပါး အနိုင်ယူထားကာ ဖရီးစတိုင်လ်နဲ့ ဂရီကို-ရိုမန် နပမ်းနယူးယောက်ပြည်နယ်မှာ ချန်ပီယံတစ်ဦးဖြစ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ One Championship (MMA ) ပြိုင်ပွဲကို ပထမဆုံအကြိမ်ပြည်တွင်းမှာထိုးသတ်ခဲ့ပြီး အမှတ်အသာဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါပြိုင်ပွဲမတိုင်မီ သံစကာထဲမှာ ထိုးသတ်ခဲ့ဖူးတဲ့ ထီရယ်ထန်းရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်း ဗီဒီယိုဖိုင်လေးထဲမှာ နိုင်ငံခြားသားတစ်ဦးနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး အမိုက်စားတိုက်ကွက်တွေနဲ့ အကောင်းဆုံးအနိုင်ယူခဲ့တာတွေ့ရပါတယ်။ One Championship (MMA ) ပြိုင်ပွဲမတိုင်မီထိုးသတ်ခဲ့ဖူးတဲ့ ထီရယ်ထန်းရဲ့ဗီဒီယိုဖိုင်တစ်ခုကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vide0 - aung la nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။