လူတွေဟာ တစ်နေတစ်နေ့ကို အကြောင်းမဲ့ ကုန်ဆုံးနေကြတာကို ပရိသတ်ကြီးလဲ သိရှိရမှာပါ။ အဲ့လိုမျိုးတွေကို မြင်နေရတဲ့အခိုက်ဆိုရင် ကိုယ်ပါလိုက်ပြီး စိတ်ညစ်ရတဲ့အခိုက်တွေရှိပါတယ်။ ကိုယ်မှာ အလုပ်ရှိသည်ဖြစ်စေ အလုပ်မရှိသည်ဖြစ်စေ နေစဉ်အမြဲ ပျော်ရွှင်အောင်ဖြတ်သန်းပါ။ ဘာတွေကြောင့်ပဲ စိတ်ညစ်ပါစေ လူဆိုတာ ပျော်ဖို့အဓိကပါပဲ...ကိုယ်ပျော်ရွှင်ဖို့အတွက် သူများကိုလဲ ထိခိုက်ဖို့ မလိုပါဘူး...ကိုယ့်ဘာသာ ဖန်းတီးရယူပါ။ 

မနက်အိမ်ရာနိုးလာမယ် မျက်နှာသစ်သွားတိုက်ပြီတာနဲ့ မနက်စာကိုစားပါ။ အဲ့နောက်မှာတော့ အလုပ်ရှိတဲ့သူက အလုပ်သွားပြီး မရှိတဲ့သူကတော့ အိမ်မှာပဲနေပြီး အိမ်အလုပ်ကို လုပ်စရာတွေလုပ်ပါ။ အလုပ်ရောက်ပြီဆိုတာနဲ့ အလုပ်ကိုပဲ စိတ်တအားမနှစ်ပါနဲ့....အပြင်လောကဘက်ကိုလဲ စိတ်အနည်းငယ်လွှတ်ထားပါ။ အိမ်မှာ အိမ်အလုပ်မရှိရင် ရုပ်ရှင်ကားတစ်ကားကို အနှစ်သာရရှိရှိကြည့်ပါ။ မကြည့်ချင်ရင်လဲ ကိုယ်အားသန်ရာအလုပ်ကို လုပ်နေပါ...ဘယ်လိုမျိုးလဲဆိုတော့ စာအုပ်ဖတ်တာတို့ Game ဆော့တာတို့ သူငယ်ချင်းနဲလည်တာတို့ စသဖြင့်လုပ်ပါ။ 

အလုပ်ခွင်ထဲမှာ နားချိန်ရောက်ပြီဆိုလျှင် အလုပ်ကိစ္စကိုမေ့ထားလိုက်ပါ။ အဲ့အချိန်တွေမှာ စိတ်ကိုကြည်လင်အောင်လုပ်ပါ။ ပေါ့ပါးစွာနေပြီး သူငယ်ချင်းတွေနဲ့စကားထိုင်ပြောနေပါ။ တစ်ရက်တစ်ရက် ကိုယ့်ကို စိတ်ဖိးစီးစေမဲ့ ကိစ္စတွေကို မေ့ထားပါ ဖျောက်ထားပါ။ အဓိကကလူဆိုတာ ဖိအားမများဖို့ပါပဲ...တစ်ရက်တစ်ရက် အကောင်းပဲမြင်ပါ။ ဖြစ်နိုင်ရင် ညအိပ်ခါနီး တရားထိုင်ပါ....အလုပ်ရှိသည်ဖြစ်စေ မရှိသည့်ဖြစ်စေ ဘယ်တော့မှ ဖိအားမများပါစေနဲ့...စိတ်ညစ်စရာတွေမေ့ပါ။ စိတ်ညစ်နေရင် Game ဆော့လိုက်ပါ...Game ထဲစိတ်နှစ်လိုက်ပါ...ပျော်ရွှင်ပါစေ။ 

Source : Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။