ရန်ကုန် သင်္ကြန်ကတော့ စည်နေပြီလေ…

ညနေကြတော့ …ပျော်ကြပြီဟေ့….

အဲ့လိုအပျော်တွေကို MyanmarLoad က သတင်းတွေတင်ဆက်ပေးမှာပါ.. 

အခုဆိုရင်ရန်ကုန်မြီု့၁၉လမ်းမိသားစု များမှကြီးမှုးကျင်းပတဲ့ MNTV Lifebuoy သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်မှာ

“ မိုက်လားပြောကြည့် ” ကို ၀ါဆိုမိုးဦး ၊ စန္ဒီမြင့်လွင်တို့ မြန်မာဆန်ဆန်ဖက်ရှင်နဲ့သီဆိုဖျော်သွားတဲ့

ပုံရိပ်က ဆန်းသစ်နေပါတယ်။ MNTV Lifebuoy သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်ဖွင့်ပွဲမို့လို့ အဆိုတော်တွေက မြန်မာဆန်ဆန် တက်ရောက်လာသလို အခုလိုပဲ ချစ်ပရိတ်သတ်ကြီးကိုဖျော်ဖြေသွားပါတယ်။ 

မကြာခင်ကမိတ်ဆက်ထားတဲ့ ၀ါဆိုမိုးဦးရဲ့“မိုက်လားပြောကြည့်” အခွေထဲတွင် အကယ်ဒမီနေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း(Examplez)၊ ဖြိုးလေးနှင့် စန္ဒီမြင့်လွင်တို့မှ Featuring သီဆိုပေးထားပြီး “မိုက်လားပြောကြည့်” ဆိုသည့် Title သီချင်းကို စန္ဒီမြင့်လွင်မှ Featuring သီဆိုပေးထားပါတယ်။

Source:MNTV

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။