၂၀၁၄အာရှယူ၁၉ပြိုင်ပွဲကနေပရိသတ်တွေရဲ့ချီးကျူးအားပေးမှုတွေနဲ့အောင်မြင်လာတာကတော့ကွင်းလယ်ကစားသမားကျော်မင်းဦးပဲဖြစ်ပါတယ်။သူကတော့ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းခြေစွမ်းပြနိုင်တဲ့ကစားသမားဖြစ်ပါတယ်။မိခင်ကလပ်ရန်ကုန်ယူနိုက်တက်အသင်းမှာလည်းခြေစွမ်းပြကစားပြီးအမှတ်ပေးချန်ပီယံဆုတွေကိုရယူခဲ့တဲ့ကစားသမားကောင်းတစ်ယောက်ပါ။

အဲ့လိုအကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ထားတဲ့ကျော်မင်းဦးကတော့ဒူးဒဏ်ရာကြောင့်ဘောလုံးလောကမှအနားယူထားရတာကြာခဲ့ပါပြီ။သူကတော့ဒဏ်ရာမသက်သာတာကြောင့်ဘောလုံးလောကမှအနားယူမယ်လို့တောင်ပြောကြားခဲ့သူပါ။ဒါမယ့်အဖွဲ့ချုပ်နဲ့ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့်ခုမှာဒဏ်ရာကိုထိုင်းနိုင်ငံမှာပြန်ကုသနေတာဖြစ်ပါတယ်။

ခုမှာတော့ကျော်မင်းဦးကခွဲစိတ်မှုအောင်မြင်ပြီးဒဏ်ရာသက်သာလို့မြန်မာနိုင်ငံကိုပြန်လာခဲ့ပြီဖြစ်ပါတယ်။သူကတော့ဒဏ်ရာအလုံးစုံမသက်သာသေးပေမယ့်လေ့ကျင့်ခန်းလေးတွေလုပ်ရင်းနဲ့မြက်ခင်းစိမ်းတွေပေါ်ကိုအမြန်ဆုံးခြေချနိုင်တော့မှာဖြစ်ပါတယ်။ပရိသတ်တွေလည်းအမြန်ဆုံးမြက်ခင်းစိမ်းတွေပေါ်ခြေချနိုင်ဖို့ကြိုးစားနေတဲ့ကျော်မင်းဦးကိုလည်းအားပေးစကားတွေနဲ့အားပေးလိုက်ပါဦးနော်။

Source:Kyaw Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။