ယခုနှစ်ဘောလုံးရာသီမှာရလဒ်ဆိုးတွေနဲ့ကြုံတွေ့ခဲ့ရတဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာအသင်းရဲ့လိုအပ်တဲ့နေရာတွေမှာအကောင်းဆုံးလူငယ်ကစားသမားတွေခေါ်ယူပြီးဖြည့်တင်းနေတာဖြစ်ပါတယ်။ခုမှာလည်းအေဂျက်လူငယ်ကစားသမား De Ligt ကိုအပြီးသတ်ဆွေးနွေးမှုတွေမပြီးခင်မှာခေါ်ယူဖို့သဘောတူညီခဲ့ပြီဟုသတင်းတွေထွက်နေတာပါ။

မန်ယူအသင်းဟာအေဂျက်လူငယ်ကစားသမားအတွက်ပေါင်း၈၅သန်းလောက်အသုံးပြုရဖွယ်ရှိနေတာပါ။မန်ယူအသင်းကတော့ De Ligt ကိုခေါ်ယူဖို့စပိန်ထိပ်သီးကလပ်ဘာစီလိုနာအသင်းနဲ့အပြိုင်ဖြစ်ခဲ့ပေမယ့်ခုမှာတော့မန်ယူအသင်းရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပြီဆိုပြီးသတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။

မန်ယူအသင်းအတွက်တော့ De Ligt ဟာယခုနှစ်ရာသီအတွက်ဒုတိယမြောက်ခေါ်ယူတဲ့ကစားသမားဖြစ်လာမှာပါ။မန်ယူအသင်းဟာအစောပိုင်းကလည်းဆွမ်ဆီးအသင်းရဲ့ကစားသမား Daniel Jamesကိုခေါ်ယူဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။အပြောင်းအရွေ့အတွက်သဘောတူညီခဲ့ပေမယ့်စာချုပ်ချုပ်ဆိုမှုတွေအမှန်ဖြစ်လာမလားဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရင်းအားပေးကြဖို့တင်ဆက်ပေးလိုက်ကပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။