မြန်မာ့လက်ဝှေ့လောကရဲ့ ပြိုင်စံရှားဖိုက်တာတစ်ဦးဖြစ်နေတဲ့ ကနေဒါနိုင်ငံသားမြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝကတော့ ကမ္ဘာ့အဆင့်မီပြိုင်ပွဲတွေကို ဝင်ရောက်ထိုးသတ်ချင်နေသူတစ်ယောက်ဖြစ်သလို ပြိုင်ဘက်တိုင်းကိုလည်း ဖိတ်ခေါ်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နာမည်ကြီး ဖိုက်တာတွေအပြင် ထိုင်းနိုင်ငံချန်ပီယံကိုပါ စိန်ခေါ်ဖူးသူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲတိုင်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားသူတစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။ လက်ရှိ ဒေဝကတော့ UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski နဲ့ ထိုးသတ်ဖို့ရှိနေပြီး ပြိုင်ပွဲအတွက် သဘောတူလက်မှတ်ရေးထိုးပြီးကြောင်း သိရပါတယ်။  

ပြိုင်ဘက်ကစားသမားကို မြန်မာ့လက်ဝှေ့နည်းစနစ်အတိုင်းထိုးသတ်သွားမှာဖြစ်ပြီး သာမာန်ထက်ပိုမိုပြင်ဆင်လျှက်ရှိကြောင်းလည်း သိရပါတယ်။ ဒေဝနဲ့ ထိုးသတ်မယ့် UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski ကလည်း ဒေဝနဲ့ထိုးသတ်ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဒေဝရဲ့ အားသာချက်အားနည်းချက်အချို့ကိုလည်းပြောပြထားတာတွေ့ရပါတယ်။  

သိုင်းပေါင်းစုံပြိုင်ပွဲကြီးမှာ ကျင်လည်နေတဲ့ UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski ကတော့ အပြင်ပွဲတွေမှာလည်း လိုက်ပါထိုးသတ်ဖူးသူတစ်ယောက်ဖြစ်ပြီး မြန်မာ့လက်ဝှေ့ရဲ့ အဓိကကစားချက်တစ်ခုဖြစ်တဲ့ ခေါင်းတိုက်မှုကိုတော့ အနည်းငယ် ကြောက်ရွံ့မိကြောင်း ပြောပြထားတာတွေ့ရပါတယ်။ မကြာမီတွေ့ရတော့မယ့် ဒေဝနဲ့UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski တို့ရဲ့ ပွဲကိုအတူတူအားပေးရင်း Seth Baczynski ရဲ့ဗီဒီယိုဖိုင်လေးကိုမျှဝေပေးလိုက်ပါတယ်။

vide0 - WLC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။