လက်ရှိမြန်မာနိုင်ငံကတော့ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်ပေမယ့် အခြားအခြားသော ဘာသာခြားများစွာကိုလည်း လွတ်လွတ်လပ်လပ်ကိုးကွယ်ပိုင်ခွင့်ပြုထားတာတွေ့ရပါတယ်။ အဆိုပါ ကိုးကွယ်မှုတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေကအများဆုံးဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေနဲ့ မူစလင်ဘာသာဝင်တွေလည်းများစွာရှိတာတွေ့ရပါတယ်။  

အဆိုပါ မတူညီတဲ့ ဘာသာပေါင်းစုံရဲ့ စည်စည်ကားကားအလှူလေးတွေကတော့ ပြည်တွင်းမှာမကြာခဏတွေ့မြင်ရလေ့ရှိပြီး ကြည်နူးစရာမြင်ကွင်းလေးတွေလည်းဖြစ်ပါတယ်။ ဘာသာပေါင်းစုံ စတုဒိသာအလှူပွဲနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်းဝါဖြေပွဲကို မေလ ၂၇ရက် ညနေက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ၎င်းပွဲကို ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံက အကြီးအကဲတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ငြိမ်းချမ်းရေးလိုလားသူများက နှင်းဆီပန်းဖြူတွေ ပေးအပ်ခဲ့ကြတာတွေ့ရပါတယ်။ 

ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် ဦးစီးမှူးနာယက ဒေါက်တာမြင့်သိန်းကလည်း “ အရင်တုန်းက ဥပုသ်လဆိုရင် ရပ်ကွက်တွေထဲမှာ အလှူအတန်းတွေလုပ်ခဲ့တာ မသိခဲ့ကြပေမယ့် ခုလို နှင်းဆီဖြူကမ်းတာနဲ့ အစားအစာတွေလှူတာဟာ ဒုတိယအကြိမ် ပြုလုပ်တာ” လို့ပြောပြထားပါတယ်။ တောင်ဒဂုံမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုဆောင်ကို တားဆီးပိတ်ပင်ခံရတာနဲ့ပတ်သတ်လို့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေက ဒီနှင်းဆီဖြူလှုပ်ရှားကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Photos - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။