PSGအသင်းတိုက်စစ်မှူးဖြစ်တဲ့နေမာကတော့ခုမှာကိုပါအမေရိကဖလားယှဉ်ပြိုင်ကစားဖို့ဘရာဇီးအသင်းနဲ့တူတူလေ့ကျင့်ခန်းစဉ်းနေတာဖြစ်ပါတယ်။ဘရာဇီးအသင်းနဲ့တူတူလေ့ကျင့်ခန်းဆင်းနေတဲ့နေမာကတော့မနေ့ကလေ့ကျင့်ရေးအစီစဉ်မှာဒူးဒဏ်ရာရခဲ့ပါတယ်။အသင်းဖော်အချင်းချင်းကစားနေရာကနေဂိုးသွင်းအပြီးမှာတော့ဒူးဒဏ်ရာပြန်ရခဲ့တာဖြစ်ပါတယ်။

နေမာကတော့ကျန်တဲ့လေ့ကျင့်ခန်းအစီစဉ်တွေမှာတောင်မပါဝင်နိုင်တော့ပဲကွင်းထဲကနေထွက်သွားခဲ့ရပါတယ်။ဒဏ်ရာနဲ့ပတ်သတ်ပြီးအသင်းကအတိအကျမထုတ်ပြန်သေးပေမယ့်ကာလရှည်ကြာအနားယူရမလားဆိုတာကတော့ပရိသတ်တွေနည်းပြတွေစိုးရိမ်နေတာဖြစ်ပါတယ်။ကိုပါအမေရိကပြိုင်ပွဲကလည်းကျင်းပဖို့မလိုတော့တာကြောင့်ဘရာဇီးအသင်းအနေနဲ့တော့အဓိကကစားသမားတစ်ယောက်ကိုဆုံးရှုံးရဖွယ်ရှိနေတာပါ။

နေမာကလွန်ခဲ့တဲ့လပိုင်းကလည်းPSG အသင်းနဲ့တူတူဖလားပွဲတစ်ခုမှာဒဏ်ရာရခဲ့ပြီးအချိန်တော်ကြာအနားယူခဲ့ရတာဖြစ်ပါတယ်။အဲ့တုန်းကလည်းအရေးကြီးတဲ့ချန်ပီယံလိဒ်ပြိုင်ပွဲကိုလွဲချော်ခဲ့ရပြီးခုမှာလည်းနိုင်ငံအသင်းရဲ့ကိုပါအမေရိကပြိုင်ပွဲကိုပါအနားယူရဖွယ်ရှိနေတာပါ။ပရိသတ်တွေလည်းလေ့ကျင့်ရေးကွင်းမှာဒဏ်ရာရသွားခဲ့တဲ့နေမာရဲ့ Video ကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

SOURCE:GOAL.COM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။