မြန်မာရိုးရာအကကို ဆန်းသစ်တီထွင်မှုများပြုလုပ်ပြီး Korea ရဲ့ နိုင်ငံတကာအကပြိုင်ပွဲကြီးမှာ ကပြယှဉ်ပြိုင်ခဲ့တဲ့

Project K အဖွဲ့ဟာ နိုင်ငံတကာက အကပညာရှင်အဖွဲ့တွေကြားမှာ ဒုတိယဆုကြီးကို ဆွတ်ခူးရရှိပြီး နိုင်ငံဂုဏ်ဆောင်ခဲ့တဲ့

အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ် ။ အကတော်ရုံတင်မက ကိုရီးယားမင်းသားတွေလိုချောတဲ့ သူတို့အဖွဲ့ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ

အဖွဲ့တစ်ဖွဲ့လဲဖြစ်ပါတယ် ။ ယခုနှစ်သင်္ကြန်မှာ လူငယ်ပီပီ ရေသဘင်ပွဲမဆင်နွှဲဘဲ တစ်ဖွဲ့လုံး သင်္ကန်းစည်းပြီး ကုသိုလ်ယူခဲ့ကြပါတယ် ။

ပရိတ်သတ်အချစ်တော် Project K ရဲ့ ကုသိုလ်အတွက် သာဓုခေါ်ဆိုရင်း သူတို့အဖွဲ့ ကိုရီးယားမှာ ပြိုင်ခဲ့တဲ့ Video File လေးကိုပါ

ပြန်တင်ပေးလိုက်ပါတယ်နော် ...

Source : Project K

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။