ယူရိုပါလိဒ်ဗိုလ်လုပွဲကိုတော့ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားသွားခဲ့ပြီးချယ်လ်ဆီးအသင်းကအာဆင်နယ်အသင်းကို(၄-၁)ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ယူပြီးဗိုလ်စွဲသွားခဲ့ပါတယ်။ဒီနေ့ပွဲကတော့ယူရိုပါလိဒ်သမိုင်းတစ်လျောက်မှာအင်္ဂလန်ကလပ်အချင်းချင်းထိပ်တိုက်တွေ့ဆုံတာဖြစ်ပြီးပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။

ဒီပွဲမှာတော့အာဆင်နယ်အသင်းဟာဗိုလ်စွဲမှချန်ပီယံလိဒ်ဝင်ခွင့်ရရှိမှာဖြစ်တာကြောင့်လူစုံတက်စုံနဲ့ကစားခဲ့ပြီးပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ဒီပွဲမှာတော့ချယ်လ်ဆီးအသင်းကပိုဖိအားပေးကစားခဲ့ပြီးအပိုင်အခွင့်အရေးတွေအကြိမ်ကြိမ်ရခဲ့ပါတယ်။အာဆင်နယ်အသင်းကိုဖိအားပေးကစားရင်းနဲ့ပဲပထမပိုင်းအပြီးမှာတော့ဂိုးမရှိသရေကျခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ချယ်လ်ဆီးအသင်းတိုက်စစ်တွေဟာပိုမိုကောင်းမွန်လာပြီး၄၉မိနစ်မှာဂီရော့ကခေါင်းတိုက်ပြီးလှလှပပဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။၆၀မိနစ်မှာတော့ပက်ဒရိုကဒုတိယဦးဆောင်ဂိုးသွင်းယူကာ၆၅မိနစ်မှာဟာဇက်ရဲ့ပယ်နတီသွင်းဂိုးနဲ့၃ဂိုးပြတ်ဦးဆောင်နေခဲ့တာပါ။၆၉မိနစ်မှာအာဆင်နယ်အသင်းခြေပဂိုးတစ်ဂိုးရခဲ့ပေမယ့်၇၂မိနစ်မှာဟာဇက်ကပဲအနိုင်သေချာမယ့်ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးပွဲအပြီးမှာ(၄-၁)နဲ့အနိုင်ရသွားခဲ့ပါတယ်။ဒီနေ့ပွဲမှာတော့အသင်းရဲ့နောက်ဆုံးပွဲလို့တောင်သတင်းထွက်နေတဲ့ဟာဇက်က၂ဂိုးသွင်းယူခဲ့ပြီးချယ်လ်ဆီးပရိသတ်တွေကိုပျော်ရွှင်အောင်ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။