အသက် ၃၄ နှစ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ် မှုးကြီးရိုနယ်ဒို ဟာ ရီးရဲ မက်ဒရစ် အသင်း ရဲ့ အဓိက ဂိုးသွင်း ရှင် အဖြစ် ဆယ်စု နှစ် တစ်ခု နီးပါး ( ၉ နှစ် ) ကြာအောင် ရပ် တည်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီ က အထိ ရီးရဲ ရဲ့ သွငိးဂိုးတွေကို ရယပေးခဲ့ပါတယ်။ ယခု ရာသီ မှာတော့ ရိုနယ်ဒိုတစ်ယောက် မဒရစ်က ထွက်ခွာသွားခဲ့ပြီး အီတလီမှာ ဆက်လက်ရှင်သန်နေပါတယ်။

အခုတော့ ရော်နယ်ဒိုလဲ ရီးရဲကို ပြသနာအမျိုးမျိုးကြောင့် စွန့်ခွာမယ့်သူက ရီးရဲအသင်းခေါင်းဆောင် ရာမိုစ့်ပဲဖြစ်ပါတယ်။ ရီးရဲလ်အသင်း ဥက္ကဌဖြစ်သူ ပီရက်ဇ်နဲ့ ပြသနာတွေတတ်ခဲ့ပြီးနောက် အသင်းပြောင်းမယ်လို့ သတင်းတွေထွက်နေတဲ့ ရာမို့စ်က ဂျူဗင်တပ်အသင်းကို ပြောင်းရွေ့လိုကြောင်း သတင်းတွေက အခိုင်အမာဖော်ပြနေကြပါတယ်။  

ရီးရဲမှာ အတော်လေးကို အတွဲညီခဲ့တဲ့ ရာမို့စ်နဲ့ ရော်နယ်ဒိုတို့ဟာ ဂျူဗင်တပ်မှာ ပြန်လညိပေါင်းထုတ်ဖို့ရှိနေတာပဲဖြစ်ပါတယ်။ ရာမို့စ်အနေနဲ့CR7လိုပဲ ရီးရဲကိုစွန့်ခွာတော့မှာဖြစ်တယ်လို့ သတင်းတွေက အခိုင်အမာဖော်ပြနေပြီး တကယ်လို့သာ အမှန်တကယ် ပြန်လညိပေါင်းထုတ်ခဲ့ရင် ဂျူပီပရိသတ်တွေအတွက် ဝမ်းသားရမယ့် သတင်းပဲဖြစ်ပါတယ်။

SOURCE: THESUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။