သခင်နဲ့ တိရိစ္ဆာန်တို့ကြားက ဆက်ဆံမှုဟာဆိုရင် မြင်မရတဲ့ သံယောဇဉ်နှောင်ကြိုးတွေ ကြီးမားလှပါပေါတယ်...။ များပြားလှတဲ့ အိမ်မွေးတိရိစ္ဆာန်ထဲမှာဟာဆိုရင် ခွေးလေးတွေက သစ္စာရှိပြီး ကိုယ့်သခင် အပေါ် သံယောဇဉ်ကြီးမားတာကို အားလုံးပဲ သိပြီးကြပြီး ဖြစ်မှာပါ...။ ခွေးလေးတွေရဲ့ သခင့် အပေါ် ထားရှိတဲ့ သံယောဇဉ်နှင့် ပတ်သက်၍ ဖြစ်ရပ်မှန် ဝမ်းနည်းစရာ အကြောင်းအရာတွေလည်းရှိခဲ့ပြီး...၊ "Hachi" ဆိုတဲ့ Ture story ဇာတ်ကားကိုလည်း ဂျပန်နိုင်ငံကကော၊ အမေရိကန်နိုင်ငံကကော ရိုက်ကူးပုံဖော်ပြသခဲ့တာပါနော်...။ 

တူရကီ နိုင်ငံ၊ "Ordu" လို့ခေါ်တဲ့ မြို့လေးမှာ "Zozo"၊ "ဇိုဇို" အမည်ရှိတဲ့ ခွေးလိမ္မာလေးဟာဆိုရင် သခင်ဖြစ်သူ "Zafer’s" ရှိရာ အုတ်ဂူလေးသို့ နေ့စဉ်၊ နေ့တိုင်း သွားရောက်လျဲလှောင်းနေခဲ့တာပါ...။ ၂၀၁၄ ခုနှစ်မှာ အဖျားကြီးရောဂါနဲ့ ကွယ်လွန်သွားပြီး "ဇိုဇို" ကိုချန်ရစ်သွားခဲ့တာပါ....။ အဖြစ်အပျက်တွေကတော့ ကြာခဲ့ပြီလို့ဆိုရမှာပဲ....။ "Zafer" ရဲ့ မိသားစုတွေက အုတ်ဂူရှိရာ လာကြည့်ကြတဲ့အခါမှာတော့ ခွေးလေးဟာ ဝမ်းနည်းကြေကွဲပြီး ငိုနေတာကို သွားတွေ့ခဲ့ပါတယ်.....။ အချိန်တိုင်းထိုနေရာလေးမှာ လွမ်းဆွတ်တမ်းတနေတာကို "Zafer" ရဲ့မိသားစုကပင် မကြည့်ရက်လောက်အောင်ပင်ဖြစ်လို့လာပါတယ်....။ နောက်ဆုံးမှာတော့ သတင်းမီဒီယာကပင် သွားရောက်ရိုက်ကူးခဲ့ပြီး ဝမ်းနည်းစရာ မေတ္တာဇာတ်လမ်းသဖွယ် ကမ္ဘာတစ်ဝှမ်းပျံ့နှံ့သွားခဲ့ပါတယ်...။

သတင်းမီဒီယာများက "Zafer" ရဲ့မိသားစုကို မေးမြန်းရာတွင်...."အသက်ရှိစဉ်ကာလအခါက အမြဲအတူဆော့ကစားနေတော့ပါပဲ....၊ သားအဖတွေလို့ထင်ရလောက်အောင် ရင်းနှီးမှုရှိ ချစ်ခင်တာကိုတွေ့ရပါတယ်..." ဒါ့အပြင် "ဇိုဇိုလေးက သခင့်အပေါ်မှာ အခြားခွေးတွေနဲ့ ယှဉ်ရင် သံယောဇဉ်ပို၍ ကြီးမားလှပါတယ်" ဟု "Zafer" ရဲ့ အမေဖြစ်သူမှာ ဝမ်းနည်းဖွယ်ဖြေကြားခဲ့ပါတယ်....။ အခုသတင်းလေးဟာဆိုရင် ခွေးလေး ဇိုဇိုနဲ့ သူ့သခင် "Zafer" တို့အတွက် အမှတ်တရအနေနဲ့ International website တွေပေါ်မှာ ပြန်လည်တင်ပေးနေခြင်းဖြစ်ပြီး ရေပန်းစားလက်ဆတ်ဆဲပင်ဖြစ်နေပါတယ်....။ ထို့ကြောင့် အကြောင်းအရာစုံလင်ကို ပြန်လည်ကူးယူဝေမျှလိုက်ပြီး နွေ၊ မိုး၊ ဆောင်း ပြောင်းလဲသွားသည့်တိုင်အောင် သခင်ရဲ့ အုတ်ဂူဘေးနာလေးမှာ တမှိုင်မှိုင်တထွေထွေနဲ့ လဲလျောင်း၊ ကြေကွဲနေရှာတဲ့ ခွေးလေး "ဇိုဇို" ဟာဆိုရင် နောက်ဆုံးအချိန်ထိပင်.....။

Source Life Buzz 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။