တရုတ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ Panda Cup 2019 ပြိုင်ပွဲမှာတော့တောင်ကိုရီးယားယူ၁၈အသင်းကထိုင်းယူ၁၈အသင်းကိုအနိုင်ရပြီးဗိုလ်စွဲခဲ့ပါတယ်။ဒီပြိုင်ပွဲမှာတော့အိမ်ရှင်တရုတ်ယူ၁၈၊နယူးဇီလန်ယူ၁၈၊တောင်ကိုရီးယားယူ၁၈အသင်းနဲ့ထိုင်းယူ၁၈အသင်းတို့ပါဝင်ကစားခဲ့ကြတာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့ထိုင်ယူ၁၈အသင်းမှာထိပ်သီးအသင်းတွေကိုကျော်ဖြတ်ပြီးဗိုလ်လုပွဲကိုတက်ရောက်လာပြီးဒုတိယနေရာအထိစွမ်းဆောင်နိုင်ခဲ့တာပါ။

ဒီဗိုလ်လုပွဲအပြီးမှာတော့တောင်ကိုရီးယားကစားသမားတစ်ယောက်ရဲ့လုပ်ရပ်ကြောင့်အသင်းတစ်သင်းလုံးအပြင်တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်တစ်ခုလုံးတရုတ်ဘောလုံးအဖွဲ့ချုပ်မီဒီယာတွေနဲ့ပရိသတ်တွေကိုပြန်တောင်းပန်ခဲ့ရပါတယ်။တောင်ကိုရီးယားအသင်းဟာအောင်ပွဲခံနေစဉ်ဆုဖလားပေါ်ခြေထောက်တင်ပြီးအောင်ပွဲခံခဲ့တာကြောင့်တရုတ်ဘောလုံးအဖွဲ့ချုပ်နဲ့ပရိသတ်တွေကစိတ်ဆိုးဒေါသထွက်ခဲ့ကြတာပါ။

ဒီဖြစ်ရပ်ကြောင့်တရုတ်ဘောလုံးအဖွဲ့ချုပ်ကလည်းတောင်ကိုရီးယားအသင်းကိုနောက်ဘယ်လိုဖိတ်ခေါ်ဖလားပြိုင်ပွဲမှာမှဖိတ်သွားမှာမဟုတ်ကြောင့်ပြောခဲ့ပါတယ်။အားကစားသမားတစ်ယောက်အနေနဲ့ခုလိုရိုင်းတဲ့အပြုအမှုမျိုးကိုမပြုလုပ်သင့်ကြောင့်တစ်ခြားနိုင်ငံကပရိသတ်တွေကလည်းရှုံ့ချထားတာဖြစ်ပါတယ်။

SOURCE:Goal.com Vietnam

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။