UAE နိုင်ငံ ဒူဘိုင်းမြို့မှာ အသက်(၅)နှစ်အရွယ် ကျောင်းသူတစ်ဦးကို ဘတ်စ်ကားပေါ်မှာ နမ်းလိုက်တဲ့ ကျောင်းကားမောင်းသူကို ထောင်ဒဏ်(၁)နှစ်ချမှတ်လိုက်ပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၉)ရက်နေ့က ကျောင်းကားပေါ်မှာ ဘယ်သူမှမရှိချိန် အသက်(၅)နှစ်အရွယ် အီဂျစ်နိုင်ငံသူ ကျောင်းသူတစ်ဦးကို အသက်(၂၆)နှစ်အရွယ် ပါကစ္စတန်နိုင်ငံသားယာဉ်မောင်းက နမ်းခိုင်းတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ကျောင်းသူက အနမ်းမပေးတာကြောင့် သူ့ကိုထိုင်ခုံမှာ ထိုင်စေပြီး သူ့ကို ဖက်ကာ လည်ပင်းနဲ့ ပခုံးကို နမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဆရာတစ်ဦးရောက်ရှိလာပြီးနောက် အဲ့ဒီကျောင်းသူကို ဘတ်စ်ကားထဲက ခေါ်ထုတ်သွားပါတယ်။ အဲ့ဒီဆရာမရဲ့ တိုင်ကြားချက်ကြောင့် ယာဉ်မောင်းကို ဇန်နဝါရီလ(၂၅)ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးကလေးကို စိတ်အနှောင့်အယှက် ဖြစ်စေမှုနဲ့ သူ့ကို တရားစွဲဆိုခဲ့ပါတယ်။ 

ပြစ်မှုထင်ရှားတွေ့ရှိတာကြောင့် ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့တဲ့အပြင် ထောင်ဒဏ်ရက်စေ့တဲ့အခါမှာလည်း ပြည်နှင်ဒဏ်ပေးသွားမှာဖြစ်တယ်လို့ ဒူဘိုင်းကလာတဲ့ သတင်းမှာဖော်ပြထားပါတယ်။

Source: Dubai school bus driver jailed for kissing 5-year-old girl

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။