ရီယက်စ်ကတော့အာဆင်နယ်ပရိသတ်တွေအမြဲတန်ဖိုးထားပြီးမမေ့နိုင်တဲ့ကစားသမားတစ်ယောက်ဆိုလည်းမမှားပါဘူး။သူကတော့၂၀၀၄လောက်မှာဆီဗီလာအသင်းကနေအာဆင်နယ်အသင်းကိုကလပ်စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ပြောင်းလာခဲ့တဲ့ကစားသမားတစ်ယောက်ပါ။ငွေကြေးသုံးစွဲတာတွေမရှိတဲ့ဝင်းဂါးအတွက်တော့သူ့ကိုစံချိန်တင်ပြောင်းရွေ့ကြေးနဲ့ဝယ်ကတည်းကဝင်းဂါးဘယ်လောက်အားကိုလဲဆိုတာသိနိုင်ပါတယ်။

သူကတော့အာဆင်နယ်အသင်းနဲ့တူတူဆုဖလားတွေလည်းသိမ်းပိုက်နိုင်ပြီးအောင်မြင်မှုတွေယူနိုင်တဲ့ကစားသမားပါ။သူ့ရဲ့ပရော်ဖက်ရှင်နယ်ပီသမှုတွေရိုးသားတဲ့စိတ်ဓာတ်လေးတွေကြောင့်အာဆင်နယ်ပရိသတ်တွေချစ်ကတဲ့ကစားသမားတစ်ယောက်ဖြစ်တာပါ။သူကတော့အာဆင်နယ်အသင်းမှာ၃နှစ်ကြာကစားခဲ့ပြီးဝင်းဂါးအားထားရတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

သူကတော့မနေ့ကစပိန်နိုင်ငံမက်ဒရစ်မြို့မှာကားအက်စီးဒန့်ကြောင့်သေဆုံးခဲ့ရပါတယ်။သူကတော့လက်ရှိအချိန်မှာအသက်၃၅နှစ်သာရှိသေးတာကြောင့်ပရိသတ်တွေနှမြောနေရတာပါ။စပိန်နိုင်ငံသားတစ်ဦးအနေနဲ့စပိန်မှာကျင်းပတဲ့ချန်ပီယံလိဒ်နောက်ဆုံးပွဲစဉ်တောင်မကြည့်ရပဲခုဆိုသူကိုချစ်တဲ့သူတွေအကုန်လုံးကိုထားသွားခဲ့ပါပြီ။တစ်ကမ္ဘာလုံးကပရိသတ်တွေကလည်းဝမ်းနည်းပြီးစိတ်မကောင်းတွေဖြစ်နေရတာပါ။ဒီနှစ်ကတော့နာမည်ကျော်ကစားသမားတွေနဲ့လူငယ်ခြေတက်လေးတွေစောစောစီးစီးထွက်ခွာသွားတဲ့နှစ်လို့တောင်ဆိုလို့ရပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။