လာမယ့်ဘောလုံးရာသီအတွက်ပြင်ဆင်မှုတွေလုပ်နေတဲ့ချယ်လ်ဆီးအသင်းနဲ့မန်ယူအသင်းတို့ဟာခုမှာတော့ဘာစီလိုနာကစားသမား ကော်တင်ဟိုကိုခေါ်ယူဖို့အပြိုင်ဖြစ်နေကြပါတယ်။အဆိုပါဘာစီလိုနာကစားသမားဟာဘာစီလိုနာအသင်းကနေထွက်ခွာလိုနေတာဖြစ်ပြီးအင်္ဂလန်ထိပ်သီးတွေကသူ့ကိုခေါ်ယူလိုချင်နေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကလည်းသူတို့ရဲ့အဓိကကစားသမားဟာဇက်အသင်းပြောင်းရွေ့မှာကြောင့်ကစားသမားကောင်းတွေကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။ဒီနှစ်ရာသီမှာပူလီစစ်တို့လိုကစားသမားတွေလည်းပြန်ခေါ်ယူထားပြီးနောက်ထက်လူငယ်ခြေတက်ကစားသမားတွေကိုထပ်မံခေါ်ယူချင်နေတာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာကစားသမားခေါ်ယူချင်နေပေမယ့်လူဝယ်ခွင့်ပိတ်ထားတဲ့ပြစ်ဒဏ်တွေကြောင့်မန်ယူအသင်းကတော့လက်ရှိမှာသာနေတာဖြစ်ပါတယ်။

မန်ယူအသင်းကတော့လာမယ့်ဘောလုံးရာသီမှာအသင်းကိုကစားသမားအသစ်တွေနဲ့ပြန်တည်ဆောက်လိုနေတာဖြစ်ပါတယ်။အသင်းရဲ့ကစားသမားတော်တော်များများဟာလည်းထွက်ခွာမှာဖြစ်တာကြောင့်လူငယ်ခြေတက်တော်တော်များများကိုခေါ်ယူနေတာဖြစ်ပါတယ်။ကော်တင်ဟိုကလည်းအင်္ဂလန်မှာကစားခဲ့ဘူးသူဖြစ်တာကြောင့်သူ့ရဲ့ခြေစွမ်းတွေကိုအင်္ဂလန်ကလပ်တွေကကြိုက်ပြီးသားဖြစ်ပါတယ်။ဒါကြောင့်နောက်နှစ်ဘောလုံးရာသီကော်တင်ဟိုကိုပရီးမီးယားလိဒ်မှာပြန်တွေနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။