မြန်မာနိုင်ငံရဲ့ အဓိကတာဝန်ရှိသူတွေထဲမှာ မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ ပြည်သူတို့ရဲ့ အသက်အိုးအိမ်တွေကို အဓိကကူညီလျှက်ရှိပြီး မီးဘေးအန္တရယ်ကာကွယ်မှုတွေကိုပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်တွေထဲမှာ အချို့အချို့သောမီးသတ်တပ်ဖွဲ့ဝင်တွေကတော့ နိုင်ငံတကာအဆင့်မီလေ့ကျင့်မှုတွေနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။  

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် မီးသက်ဦးစီးဌာနကလည်း အထပ်မြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စုပေါင်း လက်တွေ့ လေ့ကျင့်ခြင်းကို ဒီကနေ့ နံနက် ၉ နာရီက ခရမ်းမြို့နယ် မီးသက်ဦးစီးဌာန စခန်းရှေ့တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လုပ်ဆောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များစွာပါဝင်ခဲ့ပြီး ညီညီညွတ်ညွတ်စည်စည်လုံးလုံးလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ 

အဆိုပါ စုပေါင်းလက်တွေ့ လေ့ကျင်ရာတွင် ခရမ်းမြို့နယ် မီးသက်ဦးစီးဌာန မြို့နယ်ဒုဦးစီးမှူး ဦးဖြူဝင်းမှ ဦးဆောင်၍ မြို့နယ် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် အထပ်မြင့်များသို့ မီးငြှိမ်းသက်ခြင်း ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို လက်တွေ့စုပေါင်း လေ့ကျင့် ခဲ့ကြကြောင်း သိရပါတယ်။ ပြည်တွင်း မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ကြိုတင်လေ့ကျင့်မှုတွေထဲက အဆင့်မြှင့်လေ့ကျင်မှုပုံရိပ်အချို့ကိုမျှဝေပေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။