မြန်မာပြည်သူပြည်သားတွေရဲ့ ပျော်ရွှင်စရာသင်္ကြန်ကာလမှာအချို့လူတွေကတော့ မပျော်နိုင်ကြတော့ပါဘူး ။

ထိုင်းမြန်မာနယ်စပ်က ရန်ပွဲမှာ လူ နှစ်ဦးသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိတယ်လို့သိရပါတယ် ။

အရက်မူးလွန်တာနဲ့ဒေါသနဲ့တွေ့တဲ့အခါ မဖြစ်သင့်တာတွေဖြစ်ကုန်ရောလေ ...

ထိုင်းမြန်မာနယ်ခြား မဲဆောက် အုန်းဖန်လမ်းမကြီးပေါ်က သင်္ကြန်ရန်ပွဲ

----------------------------------------

ထိုင်းနိုင်ငံတပ်ခရိုင်အတွင်းက မဲဆောက်အုန်းဖန် အဝေးပြေး လမ်းမ ကီလိုမီတာ၄၆ ကီရီရ ကျေးရွာအုပ်စု(၉)မှာ ကျင်းပပေးခဲ့တဲ့ သင်္ကြန်ရေ

ကစားပွဲတော်ကို ထိုင်းလူမျိုးတွေနဲ ့ ကရင်လူမျိုးစု ကျေးရွှာတွေကလာရောက် ရေကစား ခဲ့ကြပါတယ်။

အရက်မူးလွန်လာကြတဲ့ လူငယ်လုပ်စုတွေအကြားမှာ စကားများပြီး နယ်မြေ

ခံ လူငယ်တွေနဲ ့ လာရောက်လည်ပါတ်ကြသူ လူအုပ်ေွအအကြားမှာ ခိုက်ရန်ဖြစ်

ပြီး သေနတ်တွေနဲ ့ပစ် ဒုတ်တွေဓါးရှည်တွေသုံးပြီး တိုက်ခိုက်ခဲ့ကြတယ်လို ့ တပ်ခရိုင်ရဲတပ်ဖွဲ ့ က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်း ရဲနဲ ့ စစ်တပ်ရောက်လာတော ့မှ လူငယ်အုပ်စုတွေ ထွက်ပြေးသွားခဲ့ကြပြီး ဒဏ်ရာရနေသူ (၅)ဦးမှာ နှစ်ဦးဟာ သေနတ်ဓါးဒဏ်ရာတွေနဲ ့ သေဆုံးသွားခဲ့ပါတယ်။သေဆုံးသူဒဏ်ရာရသူ မည်သူမည်ဝါဖြစ်တယ်ဆိုတာအတိအကျမသိရသေးကြောင်း၊

တရားခံအုပ်တွေကို တော့ ဘယ်သူတွေဆိုတာကို ရဲတွေက စုံစမ်းသိရှိပြီး

ဖြစ်လို ့လိုက်လံဖမ်းဆီးနေတယ်လို ့လည်း သတင်းတွေမှာရေးသားဖေါ်ပြနေပါတယ်။

Source : Saw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။